Connect with us

Social

ရေရှားပါးသော တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ်နှစ်ခုရှိ ဒေသများ၌ ရေဖြန့်ဝေပေး

ရေရှားပါးသော ဒေသများသို့ ရေဖြန့်ဝေသော ကားများအားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

ရေရှားပါးနေသော တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ်နှစ်ခုရှိ ဒေသများ၌ တစ်နာရီလျှင် သောက်သုံးရေ ရေဂါလန် ၅ဝဝ သန့်စင်နိုင်သော ရေသန့်စင်ကားများဖြင့် ရေဖြန့်ဝေပေးနေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဌာနခွဲ)ထံမှ သိရသည်။

မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ရေရှားပါးသော ဒေသများကို ယခုနှစ် ဇန်နဝါရီ လပိုင်းမှစ၍ ရေဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ရှိ မီးဘေးသင့် ကျေးရွာများသို့ ရေသန့်ဖြန့်ဝေရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ်နှစ်ခု၌ ရေသန့်စင်ကား တစ်စီးနှုန်းစီဖြင့် ကားခြောက်စီးဖြင့် ရေသန့်ဖြန့်ဝေ ပေးနေကြောင်း ၊ ကျန်ရှိနေသေးသော ရေသန့်ကား လေးစီးကို အရေးပေါ် အခြေအနေတွင် အသုံးပြုရန် ထားရှိပြီး မတ်လ ဒုတိယပတ်တွင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ကို ဖြန့်ခွဲကာ ရေပေးဝေမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.