Connect with us

Social

ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်း ပေါ်ရှိ ရသေ့တောင် တံတား ယခုလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်နေ

ရသေ့တောင် တံတား တည်ဆောက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းပေါ်ရှိ ရသေ့တောင်ချောင်းကို ဖြတ်ကျော်တည်ဆောက် ထားသည့် ရသေ့တောင် တံတား တည်ဆောက်မှုမှာ ၉၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ယခုမတ်လကုန်တွင် ပြီးစီးအောင် ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရသေ့တောင် တံတား ပြီးစီးပါက တန် ၆ဝ အထိရှိသည့် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ နိုင်မည် ဖြစ်ကြောင်း ၊ တံတားအပေါ်ထည်ကို သံကူကွန်ကရစ်ရက်မ၊ သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် လည်းကောင်း၊ အောက်ထည်အုတ်မြစ်ကို ဘိုးပိုင် ဖောင်ဒေးရှင်းဖြင့် လည်းကောင်း တည်ဆောက်ထားပြီး တံတားကို တံတား ဦးစီး ဌာန တံတားအထူးအဖွဲ့- ၇ က တာဝန်ယူ တည်ဆောက်နေကြောင်း သိရသည်။

တံတားမှာ အရှည်ပေ ၈၈ဝ၊ အကျယ်ပေ ၃ဝ၊ ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်း သုံးပေ နှစ်လက်မနှင့် ရေလမ်း ကင်းလွတ် အမြင့် ၁၆ ဒသမ ၂၅ ပေ၊ရေလမ်းကင်းလွတ်အကျယ် ၁ဝ၂ ပေရှိကြောင်း သိရသည်။

ရသေ့တောင် တံတားအား ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၂ ရက်ကနေ စတင်တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက်တွင် လုပ်ငန်းများ ပြီးစီးရန် ဆောင်ရွက်နေကြောင်း ၊ တံတားကို ပြည်နယ် အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပြီး ငွေကျပ်သန်း ၄ဝဝဝ ကျော် သုံးစွဲပြီး ဆောင်ရွက်နေကြောင်း တံတားဦးစီးဌာန တံတားအထူးအဖွဲ့-၇ မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး၏ ပြောကြားချက် အရ သိရသည်။

ရသေ့တောင်တံတားပြီးစီးပါက ပုဏ္ဏား ကျွန်းမှ ရသေ့တောင်သို့ ဒေသခံပြည်သူများ ကားလမ်းဖြင့် လွယ်ကူလျင်မြန်စွာ သွားလာနိုင်တော့ မည်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်စည် စီးဆင်းမှု လွယ်ကူလျင်မြန် မည်ဖြစ်သည့် အပြင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း များ ပိုမိုတိုးတက်ကောင်းမွန်ရန် များစွာ အထောက် အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရ သည်။

တံတားသည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှ ရသေ့တောင်မြို့ကို ဆက်သွယ်သည့် ကားလမ်း မိုင်တိုင် အမှတ်(၂၁/၇) နှင့် ( ၂၂/၁) အကြားတွင် တည်ရှိပြီး ဧပြီလပိုင်း စသည်နှင့် တံတားပေါ်တွင် မော်တော်ယာဉ်များ ဖြတ်သန်း၍ ရပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.