Connect with us

Social

မျက်မမြင် ကာကွယ် စောင့်ရှောက်ရေး တိုးမြှင့် ဆောင်ရွက် နိုင်ရန် ၂၀၁၆-၂၀၂၀ အမျိုးသားအဆင့် ၅ နှစ် စီမံကိန်း ရေးဆွဲ ဆောင်ရွက်လျက်ရှိ

ကမ္ဘာ့ မျက်မမြင် ပပျောက်ရေးနေ့ အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ မျက်မမြင်ကာကွယ် စောင့်ရှောက်ရေး တိုးမြှင့်ဆောင်ရွက် နိုင်ရန် ၂၀၁၆-၂၀၂၀ အမျိုးသားအဆင့် ၅ နှစ် စီမံကိန်း ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ကုသရေး ဦးစီး ဌာန ထံမှ သိရသည်။

ထို့အတူ ၂၀၁၉ ခုနှစ်တွင် ကာကွယ်ကုသနိုင်သော မျက်စိရောဂါများ၏ ၂၅ ရာခိုင်နှုန်း ကို လျှော့ချနိုင်ရန် ဆောင်ရွက် လျက် ရှိပြီး မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင် ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ကုသနိုင်သော မျက်စိရောဂါများအနက် အဓိက မျက်စိ မမြင် ဖြစ်စေ နိုင်သည့် အကြောင်းအရာမှာ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန် လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဆီးချို၊ သွေးတိုးရောဂါများကြောင့်ဖြစ် ပြီး အတွင်းတိမ်ရောဂါမှာ အားလုံး၏ ၆၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မျက်စိကုသ ဆရာဝန် ၃၃၀ ခန့်ရှိသဖြင့် လူဦးရေ တစ်သိန်းခွဲတွင် မျက်စိဆရာဝန် ၁ ဦး နှုန်းဖြင့် ကာကွယ် ကုသပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.