Connect with us

Social

ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ၅ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

မြန်မာ့ ရိုးရာ ပွဲတော်ကာလ ဖြစ်သည့် သီတင်းကျွတ် ရာသီ အချိန်ကာလတွင် ရန်ကုန်မြို့၌ ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကို အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက် အထိ ၅ ရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ရန်ကုန်မြို့၌ နှစ်စဉ် ကျင်းပပြုလုပ်သည့် အစည်ကားဆုံး သော မီးထွန်းပွဲတော် တစ်ခု ဖြစ်ပြီး ယခုနှစ်တွင် မီးထွန်းပွဲတော် နှင့် ဈေးရောင်းပွဲ ကို ပုဇွန်တောင်မြို့နယ် အပါအဝင် မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ကျီတော်ရပ်ကွက် နှင့် ဗိုလ်တထောင်မြို့နယ်များပါ ပါဝင် ကျင်းပခဲ့ကြောင်း သိရသည်။

ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပနေမှု မြင်ကွင်းများ(ဆင်ဟွာ)

ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကာလ အတွင်း ပျော်ပွဲရွှင်ပွဲများ အဖြစ် တေးသရုပ်ဖော်များ ၊ တီးဝိုင်းဖျော်ဖြေမှုများနှင့် အငြိမ့်အဖွဲ့တို့မှ ပွဲတော်လာ ပြည်သူများအား ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)