Social
ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ယခင်နှစ်နည်းတူကျင်းပမည်

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)
၁၃၇၈ ခုနှစ် မဟာသြင်္ကန်ရေသဘင်ပွဲတော်တွင် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ယခင်နှစ်နည်းတူကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်မည့် အသင်းများအနေဖြင့် မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊စစ်ဆေးရေးဌာနရုံးတွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
ယိမ်းပြိုင်ပွဲများကို ၁၂ဦးယိမ်း(မူကြိုကျောင်းများ) ၊၁၂ ဦးယိမ်းကျောင်းများ၊ ၁၂ဦးယိမ်း(ရုံး၊အခြား)၊ ၁၆ဦးယိမ်း (ရုံး၊အခြား)၊ ၂၀ဦးယိမ်း (အလွတ်တန်း)၊ ၁၂ ဦးယိမ်း (ကျား) အလွတ်တန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ ဟူ၍သီးခြားကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်မည့် အသင်းများအနေဖြင့် ဗိုလ်တထောင်မြို့နယ် ၄၆လမ်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီစစ်ဆေးရေးဌာနရုံးတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း-၀၉၅၁၂၆၆၆၅ သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ (Xinhua)