Connect with us

Social

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ပထမနေ့ထက် ၁ ထောင်ကျော် လျော့နည်း

ရန်ကုန်မြို့ ရှိ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/သူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

နိုင်ငံ တစ်ဝန်း နှင့် နိုင်ငံခြား စာစစ် ဌာနများ၌ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့မြန်မာစာ ဘာသာ ဖြေဆိုသူ ၇၁၆၂၁၆ ဦး ရှိပြီး ဒုတိယနေ့အင်္ဂလိပ်စာ ဘာသာ ဖြေဆိုသူ ၇၁၅၀၇၉ ဦးသာ ရှိသဖြင့် ပထမနေ့ထက် ၁၁၃၇ ဦး လျော့နည်းခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲအား စာစစ်ဌာန ၁၅၉၄ ခုတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား/သူ ၇၆၇၄၂၂ ရှိသည့် အနက် ပထမနေ့တွင် ပျက်ကွက်သူ ၅၁၂၀၆ ဦး ရှိရာမှ ဒုတိယနေ့တွင် ပျက်ကွက်သူ ၅၂၃၄၃ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ယခု ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ ၈ ရက်မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေဆိုလျက် ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117