Connect with us

Social

ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ် အုပ်ရေ ၂ သန်းကျော် ရောင်းချထားပြီး ဖြစ်

ကျပ်၅၀၀ တန်ထီထိုးနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)

ဧပြီလ ၁ ရက်တွင် ဖွင့်လှစ်မည့် ၁ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ် အုပ်ရေပေါင်း ၂,၈၉၁,၆၆၉ အုပ် ရောင်းချထားပြီး ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ၊ အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ထုတ်ပြန် ကြေညာခဲ့သည်။

ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ် စာအုပ်များကို အက္ခရာ အရေအတွက် ၅၂ လုံး ၊ ထီစာအုပ်ပေါင်း ၄,၂၅၄,၅၃၆ အုပ် ၊ ထီစောင်ရေပေါင်း ၄၆,၇၉၉,၈၉၆ စောင် ထုတ်ဝေထားကြောင်း သိရသည်။

ယခုအခါတွင် အက္ခရာ အရေအတွက် ၃၅ လုံးကျော် ၊ ထီစာအုပ်ပေါင်း ၂,၈၉၁,၆၆၉ အုပ် ၊ ထီစောင်ရေပေါင်း ၃၁,၈၀၈,၃၅၉ စောင် ရောင်းချထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့အတူ ၁ ကြိမ်မြောက် ကျပ် ၅၀၀ တန် အရန်ထီ လက်မှတ် စာအုပ်များကို အက္ခရာ အရေအတွက် ၁၆ လုံးကျော် ၊ ထီစာအုပ်ပေါင်း ၁,၃၆၂,၈၆၇ အုပ် ၊ ထီစောင်ရေပေါင်း ၁၄,၉၉၁,၅၃၇ စောင် ရောင်းချရန် ကျန်ရှိနေသေးကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ထုတ်ပြန် ကြေညာခဲ့သည်။

အမြင့်ဆုံး ဆုငွေအဖြစ် ငွေကျပ် သိန်း တစ်သောင်း ချီးမြှင့်မည့် အောင်ဘာလေထီ ၅ဝဝ ကျပ်တန် ထီလက်မှတ် များအား ယခု ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင် ရောင်းချခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.