Social
ရန်ကုန် တိုင်းဒေသကြီးကို ကိုယ်စားပြုမည့် လာဘ်ကောင် အရုပ်အဖြစ် ပစ်တိုင်းထောင် အရုပ်ကို ရွေးချယ်ထား
ရန်ကုန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျင်းပ ပြုလုပ်သည့် အခမ်းအနားများ ၊ ပြပွဲ ၊ ပြိုင်ပွဲများ ၊ နိုင်ငံတကာ ခရီးသွားပြပွဲ ၊ ပြိုင်ပွဲ များတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီးကို ကိုယ်စားပြုမည့် လာဘ်ကောင် အရုပ်အဖြစ် ပစ်တိုင်းထောင် အရုပ်ကို ရွေးချယ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ကြေညာမှု အရ သိရသည်။
ပစ်တိုင်းထောင်ရုပ်ကို အခြေခံ၍ သင့်လျော်သည့် ဒီဇိုင်း ပုံစံရေးဆွဲ တင်ပြ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားပြီး ရွေးချယ် ခံရသော ဒီဇိုင်းအတွက် ဆုကြေးအဖြစ် ငွေကျပ် သိန်းနှစ်ဆယ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်း ကိုယ်စားပြု လာဘ်ကောင် ပုံစံ (Mascot Design) ပြိုင်ပွဲ ဆိုင်ရာ စည်းမျဉ်းများ ၊ ပြိုင်ပွဲဝင် ပုံစံ ပေးပို့ရမည့် စည်းကမ်းချက်များ၊ စိစစ်ရွေးချယ်ခြင်း နှင့် အချိန်ဇယားကို http://yangon.gov.mm/mascot တွင်ဖော်ပြထားကြောင်း ကြေညာခဲ့သည်။(Xinhua)