Connect with us

Social

ဖွံ့ဖြိုးမှုဆိုင်ရာ အခြေခံ အချက်အလက်များ ပံ့ပိုးရန် အလွန်အရေးကြီး ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ ပြောကြား


နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်သို့ ရောက်ရှိရန် နယ်မြေဒေသအလိုက် လူမှုဘ၀ ဖူလုံမှုအခြေအနေဆိုင်ရာ အခြေခံ အချက်အလက်များကို ပံ့ပိုးပေးနိုင်ရန် အလွန်အရေးကြီး သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြောကြားခဲ့သည်။

“ဆင်းရဲနွမ်းပါးမှု ပပျောက်ပြီး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ထောင်နိုင်ဖို့ဆိုရင် ပထမဆုံး အနေနဲ့ ပြည်သူတွေက ဘယ်နယ်ပယ်တွေမှာ ဘယ်လို ချို့တဲ့ မှုတွေနဲ့ ကြုံတွေ့နေရ တယ်၊ ဘယ်အရပ်ဒေသမှာဘယ်လို ချို့တဲ့မှုတွေနဲ့ နေထိုင်နေကြတယ် ဆိုတာကို သိရှိနားလည်ဖို့ လိုပါတယ်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်တွေ ရောက်ရှိဖို့ ဆောင်ရွက်နေကြတဲ့ ဝန်ကြီး ဌာန တွေ၊ မူဝါဒ ချမှတ်သူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို အထောက်အထားအပေါ် အခြေခံတဲ့ အချက်အလက်တွေ ပံ့ပိုးပေးဖို့ အလွန်အရေးကြီးပါတယ်” ဟု နေပြည်တော် Hotel Max တွင် ယနေ့နံနက်ပြုလုပ်သော “မြန်မာနိုင်ငံ၏ ရှုထောင့် နယ်ပယ်စုံ လူမှုဘ၀ ဖူလုံရေး (Multidimensional Welfare in Myanmar )အစီရင်ခံစာ ထုတ်ပြန်ခြင်း” အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရှုထောင့် နယ်ပယ်စုံ လူမှုဘ၀ ဖူလုံရေး (Multidimensional Welfare in Myanmar ) အစီရင်ခံစာ၊ အားတွေ့ရစဉ် (ဆင်ဟွာ)

အထောက်အထား အပေါ် အခြေခံသော အချက်အလက်များ မပံ့ပိုးနိုင်လျှင် အမှောင်ကမ္ဘာထဲတွင် လမ်းပျောက်နေသကဲ့သို ဖြစ်နေမည်ဖြစ်ကြောင်း၊ ယနေ့ ထုတ်ပြန်သည့် “မြန်မာနိုင်ငံ၏ ရှုထောင့် နယ်ပယ်စုံ လူမှုဘ၀ ဖူလုံရေး အစီရင်ခံစာ” သည် ကဏ္ဍအလိုက်၊ ပထဝီ နယ်မြေ ဒေသ အလိုက် လိုအပ်ချက်များကို မီးမောင်းထိုးပြထားခြင်း ဖြစ်သောကြောင့် ထိုအစီရင်ခံစာအပေါ် အခြေခံပြီး နိုင်ငံ့ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို ဦးစားပေး အစီအစဉ်အလိုက် ဆေင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ယခု အစီရင်ခံစာသည် ၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံပြီး ငွေကြေး မဟုတ်သည့် သတင်း အချက်အလက်များကို အသုံးပြုကာ “ရှုထောင့် နယ်ပယ်စုံ ချို့တဲ့မှု အညွှန်းကိန်း (Multidimensional Disadvantage Index) များကို တွက်ချက်နိုင်ခဲ့ကြောင်း၊ ထိုအညွှန်းကိန်းများကို လေ့လာခြင်းဖြင့် မည်သည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တို့တွင် ချို့တဲ့မှု အများဆုံး ရင်ဆိုင်နေရသည် ဆိုသည်ကို နိုင်ငံတော် အစိုးရက ပိုမို သိရှိလာပြီး အကူအညီ အလိုအပ်ဆုံး ဒေသများအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ အစီရင်ခံစာအား ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ပြည်သူ့ အင်အား ဦးစီးဌာနတို့ ပူးပေါင်း ရေးဆွဲ ပြုစုခဲ့ကြပြီး ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အစိုးရ ဌာန အဖွဲ့အစည်းများက ညှိနှိုင်း ဆွေးနွေးမှု အဆင့်များတွင် ပါဝင် အကြံပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အညွှန်းကိန်းအစီရင်ခံစာ၌ မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်သည် အိမ် အကြောင်း အရာ ချို့တဲ့မှုနှင့် ရင်ဆိုင်နေရပြီး အများစု သည် ရေ၊ မိလ္လာ၊ မီးအလင်းရောင် စသည့် အခြေခံ အဆောက်အအုံများနှင့် အိမ်အသုံးအဆောင်များ လက်လှမ်းမီ ရယူ သုံးစွဲနိုင်မှု တွင် ချို့တဲ့ မှုများ ကြုံတွေ့နေရကြောင်း၊ လူဦးရေ၏ ၁၂ ရာခိုင်နှုန်းသည် ကျန်းမာရေးချို့တဲ့မှုနှင့် ကြုံနေရ ကြောင်းလည်း ဖော်ပြထားသည်။

ယနေ့ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာ အအရာရှိကြီးများ၊ ကမ္ဘာ့ဘဏ်မှ ညွှန်ကြားရေးမှူးနှင့် အဖွဲ့၊ အရပ်ဖက် မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.