Connect with us

Social

၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေ တစ်သက်တာဆု ၊ အမျိုးသား စာပေဆု နှင့် စာပေဗိမာန် စာမူဆုများ ချီးမြှင့်

၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေ တစ်သက်တာဆု ၊ အမျိုးသား စာပေဆု နှင့် စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုရရှိသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေ တစ်သက်တာဆု ၊ အမျိုးသား စာပေဆု နှင့် စာပေဗိမာန် စာမူ ဆု ချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ဒီဇင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက မြန်မာ စာပေ နယ်ပယ်ကြီး ဖွံ့ဖြိုး တိုးတက်ရေးကို ရည်ကာ မျှော်မှန်းပြီး မြန်မာမှု ၊ မြန်မာ့ ဓလေ့ ၊ မြန်မာ့ အတွေးအမြင်များကို ဖော်ကျူးနိုင်စွမ်း ရှိသည့် စာကောင်း ပေမွန် များကို နိုင်ငံတော် အဆင့် စာပေဆု အဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ် ချီးမြှောက် ဂုဏ်ပြုနေခြင်း ဖြစ်ကြောင်း ၊ ယနေ့ကျင်းပသည့် အခမ်းအနားသည် နိုင်ငံ အတွက် စာကောင်းပေမွန်များ ဖန်တီး ရေးသား ပြုစုပေးခဲ့ကြသည့် ထူးချွန် ထက်မြက်သော စာပေ ပညာရှင်ကြီးများကို နိုင်ငံတော်မှ ဆုချီးမြှင့် ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယခုနှစ် အတွက် ထူးခြားချက်မှာ အမျိုးသား စာပေဆု ချီးမြှင့်ရာတွင် ဆုအမျိုးအစား ၂ ခု တိုးလာခြင်း ဖြစ်ကြောင်း ၊ ထိုဆုများမှာ ရသစာတမ်း စာပေ ဆု နှင့် ရည်ညွှန်းကျမ်း စာပေဆုတို့ဖြစ်ကြောင်း ၊ ရသစာတမ်း စာပေဆုမှာ မြန်မာ စာပေ နယ်ပယ်တွင် ခေတ်ဆန်း စာပေခေတ် မတိုင်မီ ကတည်းက တွင်ကျယ်ခဲ့သည့် ရသမြောက်သော သုတနှင့် အတွေးအမြင် စာအရေးအသားများ ထွန်းကားစေရန် ရည်ရွယ်ခြင်း ဖြစ်ပြီး ရည်ညွှန်းကျမ်း စာပေဆုမှာ မြန်မာနိုင်ငံမှာ စာပေ လေ့လာသူများ ၊ သုတေသီများ ၊ စာပေ ရေးသားသူများ အတွက် အားကိုးအားထား ပြုစရာ ရည်ညွှန်းကျမ်းကောင်းများကို တိုးတက် များပြား လာစေရန် အတွက် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေ တစ်သက်တာဆု ၂ ဆုအား ဦးမြင့်လွင် (ဖိုးကျော့) နှင့် ဦးထွန်းရီ (ထွန်းရီ-ရှေးဟောင်း သုတေသီ ) တို့အား ပေးအပ် ချီးမြှင့်ခဲ့သည်။ထို့အတူ ၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေဆု ၁၁ ဆု နှင့် စာပေဗိမာန် စာမူဆု ၂၅ ဆု အတွက် ဆုရရှိသူများအား ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် ၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေ တစ်သက်တာဆုအား ပေးအပ်ချီးမြင့်စဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေ တစ်သက်တာဆု ၊ အမျိုးသား စာပေဆု နှင့် စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုရရှိသူများ ကိုယ်စား အမျိုးသား စာပေ တစ်သက်တာဆုရှင် ဆရာကြီး ဦးထွန်းရီ (ထွန်းရီ-ရှေးဟောင်း သုတေသီ ) က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

ဆုရရှိသူများ ကိုယ်စား အမျိုးသား စာပေ တစ်သက်တာဆုရှင် ဆရာကြီး ဦးထွန်းရီ (ထွန်းရီ-ရှေးဟောင်း သုတေသီ ) က ကျေးဇူးတင် စကား ပြောကြားစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေဆု ရရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် အတွက် စာပေဗိမာန် စာမူဆု ရရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

အမျိုးသား စာပေ တစ်သက်တာဆုရှင် ဆရာကြီး ဦးမြင့်လွင် (ဖိုးကျော့) က “တစ်သက်မှာ တစ်ခါ ရတဲ့ အတွက် ဝမ်းသာပါတယ်။ကျွန်တော် ပြောချင်တာကတော့ စာကောင်းတွေ များများ ရေးနိုင်ဖို့လိုပါတယ်။”ဟု ပြောကြားခဲ့သည်။၂၀၁၇ ခုနှစ် အမျိုးသား စာပေဆု အတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၈ ခု အနက် ဘာသာရပ် ၁၁ ခု အတွက် ပုဂ္ဂိုလ် ၁၁ ဦး ကိုလည်းကောင်း ၊ စာပေဗိမာန် စာမူဆု အတွက် ပြိုင်ပွဲဝင် စာမူပေါင်း ၃၁၆ စောင် အနက်မှ ဆုချီးမြှင့်ရန် သတ်မှတ်ထားသည့် ဘာသာရပ် ၁၃ မျိုး အနက် ၁၁ မျိုး အတွက် ဆုချီးမြှင့်ရန် စာမူပေါင်း ၂၅ ခုအား ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.