Social
ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့ လွှတ်တော်က ကျပ်သိန်း နှစ်ရာလှူ
နေပြည်တော်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
ရေဘေး အန္တရာယ် ကျရောက်နေသော ပြည်သူများအတွက် ပြည်သူ့လွှတ်တော်က ကျပ်ငွေ သိန်း နှစ်ရာ လှူဒါန်းရန် သဘောတူ ဆုံးဖြတ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ထိုအလှူငွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက် စရိတ်ငွေ ကျပ် ၈,၅၈၀,၀၀၀ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ အလှူငွေ ကျပ် ၁၁,၄၂၀,၀၀၀ စုစုပေါင်း ကျပ် သိန်း နှစ်ရာ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းပြခဲ့သည်။ (Xinhua)