Connect with us

Social

ဇူလိုင်လ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဦးကျော်မြင့်ထွန်း အားရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ဇူလိုင်လ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဦးကျော်မြင့်ထွန်း (ခ) ဦးထွန်းလေး (တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေးသူရဲကောင်း) အဖြစ် ရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။

ဦးကျော်မြင့်ထွန်း(ခ) ဦးထွန်းလေးသည် ၂၀၁၃ ခုနှစ်၊ဧရာဝတီတိုင်းဒေသကြီး တင်းချောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေစဉ်ကတည်းကပင် တောဆင်ရိုင်းများသတ်ဖြတ်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်းကောင်း၊ ဆင်သတ်တရားခံများ လိုက်လံဖမ်းဆီးရေး လုပ်ငန်းများတွင်လည်းကောင်း သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ တပ်ဖွဲ့တို့နှင့်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် ဆင်သတ်တရားခံ(၂) ဦးနှင့် ဆင်သတ်ရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း၊၂၀၁၇ ခုနှစ်တွင်လည်း ဆင်သတ်ရာတွင် အသုံးပြုသည့် တူမီးသေနတ်(၄) လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ကြောင့် ဦးကျော်မြင့်ထွန်းအား မြို့နယ်အဆင့် ဂုဏ်ပြုဆုနှင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ဂုဏ်ပြု ဆုများချီးမြှင့်ခဲ့သည့်အပြင် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့(WWF)နှင့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေးမိတ်ဆွေများအသင်း (FOW) တို့ပူးပေါင်း၍ “ဆင်ထိန်းသိမ်းရေး သူရဲကောင်းဆု”ကို ပေးအပ်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ယခုနှစ် ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဦးကျော်မြင့်ထွန်း(ခ) ဦးထွန်းလေးအား ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ကျေးဇူးတင်လွှာထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.