Social
ရွှေတိဂုံစေတီ နိုင်ငံခြားသားဝင်ကြေး တိုးမြှင့်မှု ဆိုင်းငံ့

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
ရွှေတိဂုံစေတီတော်မြတ်သို့ နိုင်ငံခြားသားဧည့်သည်များအတွက် ဝင်ကြေးတိုးမြှင့်ကောက်ခံမှုအား ဆိုင်းငံ့လိုက်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ထုတ်ပြန်ချက်ထံမှ သိရသည်။
ရွှေတိဂုံစေတီသို့လာရောက် ဖူးမြော်သော နိုင်ငံခြားသား ဧည့်ဝင်ကြေးကို ကျပ် ၈၀၀၀မှ ကျပ် ၁၀၀၀၀ထိ တိုးမြှင့်ခြင်းအား ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။
အဆိုပါ ဝင်ကြေးတိုးမြှင့်ကောက်ခံမှုကို ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ အမှုဆောင်ကော်မတီများက ခြောက်လခန့် ကြိုတင် ကြေညာသင့်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သို့တင်ပြခဲ့ရာ ဝန်ကြီးဌာနက ခြောက်လ ကြိုတင်ခွင့်ပြုချက် လျှောက်ထား၍ ဝင်ကြေးနှုန်းထား ပြင်ဆင်သတ်မှတ်ရမည်ဟု အကြောင်းပြန်ခဲ့သည်။(Xinhua)