Connect with us

Social

ဇွန် ၁ ရက်တွင် စတင်ရောင်းချ မည့် ကျပ်၅၀၀ တန် ထီလက်မှတ်များတွင် 2nd ဟု ပါရှိသော အရန် ထီလက်မှတ်များကို နောက်ဆုံး အကြိမ်အဖြစ် ရောင်းချသွားမည်

2nd ဟု ပါရှိသော အရန် ထီလက်မှတ်အားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဇွန် ၁ ရက်တွင် စတင်ရောင်းချ မည့် (၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီလက်မှတ် များတွင် 2nd ဟု ပါရှိသော အရန် ထီလက်မှတ်များကို နောက်ဆုံး အကြိမ်အဖြစ် ရောင်းချသွား မည်ဖြစ်ကြောင်း ထိုအကြောင်းအရာ နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အား ပြည်တွင်း အခွန်များဦးစီးဌာန အောင် ဘာလေသိန်းဆုဌာနခွဲမှ တရားဝင်ကြေညာထားပြီးဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်ဦးက ဆင်ဟွာကိုပြောသည်။

ဇွန် ၁ ရက်တွင် (၃)ကြိမ် မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဖွင့်ပွဲ ကျင်းပ အပြီးတွင် (၄)ကြိမ်မြောက် အတွက် ထီလက်မှတ်များကို ယင်းနေ့ ထီဖွင့်ပွဲအပြီးတွင် စတင်ရောင်းချသွားမည်ဖြစ်ရာ အရန် ထီလက်မှတ်များကို နောက်ဆုံးအကြိမ်အဖြစ် ထည့် သွင်းရောင်းချသွားမည်ဖြစ်ပြီး အဆိုပါ အရန်ထီလက်မှတ်များပေါ်တွင် 2nd ဟူသော အမှတ် အသားပါရှိမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

(၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီ လက်မှတ်များကို ရောင်းချနိုင် ရန်အတွက် ပင်မထီအက္ခရာ ‘က’မှ အစဉ်လိုက် ‘ဖ’အက္ခရာ အထိ အက္ခရာအလုံးရေ ၂၂ လုံး၊ အရန်ထီ’ကက’ အက္ခရာမှ အစဉ်လိုက် ‘ကဖ’အက္ခရာအထိ ၂၂ လုံး စုစုပေါင်းအက္ခရာ ၄၄ လုံးခန့် ခွဲဝေဖြန့်ဖြူးပြီးဖြစ်ကြောင်း ၊ (၅)ကြိမ်မြောက်မှစပြီး ထီလက်မှတ်များတွင် အကြိမ်ရေပါမည်ဖြစ်ကြောင်း၊ ရက်စွဲပါမည့် ထီလက်မှတ်များဖြစ်သွားမည်ဖြစ်ပြီး ရိုက်နှိပ်ပြီးသားထီလက်မှတ်များဖြစ်သည့် အရန်ထီလက်မှတ်များအား (၄)ကြိမ်မြောက်တွင် နောက်ဆုံး အကြိမ်အဖြစ် ရောင်းချသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.