Connect with us

Social

YBSယာဉ်လိုင်းများတွင်ပြေးဆွဲရန် တရုတ်နိုင်ငံ ကားကုမ္ပဏီတို့မှ ဝယ်ယူထားသည့် ဘတ်စ်ကားများ ဆယ်ရက်အတွင်းရန်ကုန်ရောက်မည်

မြန်မာနိုင်ငံသို့ပို့ဆောင်မည့် ဘတ်စ်ကားအား သဘောင်္ပေါ်သို့တင်နေစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

YBS ယာဉ်လိုင်းများတွင် ပြေးဆွဲရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရုတ်နိုင်ငံ အစိုးရနှင့် ချိတ်ဆက်ကာ ဝယ်ယူထားမှုအရဘတ်စ်ကားအသစ် အစီး ၁ဝဝဝ ဆယ်ရက် အတွင်း ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အစိုးရချင်း ချိတ်ဆက်မှုစနစ်ဖြင့် တရုတ်နိုင်ငံYutong ကုမ္ပဏီမှ ဘတ်စ်ကားသစ် အစီး ၅ဝဝ နှင့် Ankai ကားကုမ္ပဏီတို့မှ ဘတ်စ်ကားသစ် အစီး ၅ဝဝ စုစုပေါင်း အစီး ၁ဝဝဝ ဝယ်ယူထားရာတွင်သင်္ဘောတင်လုပ်ငန်း များ ဆောင်ရွက်ပြီးဖြစ်ကာ ဇွန်လဆန်းတွင် လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ဘတ်စ်ကားသစ်များ မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် မေ ၂၃ ရက်က သင်္ဘောတင်လုပ်ငန်းများလုပ်ဆောင်၍ ပို့ဆောင် နေသည့်သတင်းဓာတ်ပုံများကို တရုတ်နိုင်ငံChina News Service(CNS) တွင် မေ ၂၅ ရက်တွင် ဖော်ပြထားပြီး ယခု ဇွန်လဆန်းအတွင်း အသုတ်သုံးသုတ်ခွဲ၍ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ဘတ်စ်ကားသစ် များကို EUKOR Shipping Line ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

နှစ်နိုင်ငံ အစိုးရချင်းချိတ်ဆက်မှုဖြင့် ဘတ်စ်ကားသစ်များ ဝယ်ယူခဲ့ရာတွင် ၂ဝ၁၇ မိုဒယ် ဘတ်စ်ကားသစ်များကို ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၆ဝဝဝ ပေးရကြောင်း သိရသည်။ အစိုးရချင်း ချိတ်ဆက်ဝယ်ယူခဲ့သောကြောင့် ဈေးနှုန်း၊ ယာဉ်ပိုင်းဆိုင်ရာ အာမခံချက်များကို အပြည့် အဝပေးအပ်ထားသည့်အပြင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များပါဝင် သည့် အကဲဖြတ်အဖွဲ့များက အရည်အသွေး စစ်ဆေးအကဲဖြတ်ပြီးမှသာ စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်များ ရောက်ရှိလာသည်နှင့် ဆိပ်ကမ်းမှ ချက်ချင်းထုတ်ယူနိုင်ရန် ဆောင်ရွက် နေပြီး ပြည်သူ့ရင်ပြင်အတွင်း ယာယီထားရှိကာYBSယာဉ်လိုင်းများတွင် အမြန်ဆုံး ထည့်သွင်းပြေးဆွဲနိုင်ရေး ဆောင်ရွက်သွား မည်ဟု သိရသည်။ ယာဉ်အသစ်များ ရောက်ရှိ လာသည်နှင့်အတူ ဖြည့်စွက်ပြေးဆွဲသွားမည့် ယာဉ်လိုင်းများနှင့် တိုးချဲ့ပြေးဆွဲပေးသွားမည့် ယာဉ်လိုင်းအမှတ်နှင့် လမ်းကြောင်းများ၊ ခရီး စဉ်များကိုလည်း အများပြည်သူသိရှိစေရန် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.