Social
ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေးအတွက် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေ ကိုယ်စားလှယ် Mr. Giuseppe de Vincentiis နှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများ အတွက် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။
ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ ဖြစ်စဉ်များ၌ နည်းပညာ အကူအညီပေးရေး၊ ရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေး ရရှိရေးအတွက် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် သွားလာမှုများတွင် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုး၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေ၊UNHCR ၏ လုပ်ငန်းစဉ်များ ရှင်းလင်း ညှိနှိုင်း ဆောင်ရွက်ပြီးပါက MoU သက်တမ်း တိုးခြင်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေ များကို ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ အမြဲတမ်း အတွင်းဝန်များ ဖြစ်ကြသည့် ဦးမျိုးအောင်နှင့် ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ (Xinhua)