Connect with us

Social

ကျောင်း၊ တက္ကသိုလ် သင်ခန်းစာများဖြင့်သာ ရောင့်ရဲမနေသင့် ဟုဆို

အမွတ္တရ ဓာတ္ပုံ ရိုက္ကူးၾကစဥ္ (ဆင္ဟြာ)

နေပြည်တော်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

မြန်မာရွှေ့ပြောင်းလုပ်သားများသည် ကျောင်းနှင့် တက္ကသိုလ်များမှ ရရှိသည့် သင်ခန်းစာများနှင့်သာ ရောင့်ရဲတင်းတိမ် မနေသင့်ဘဲ ဆင့်ပွားသင်ယူမှုများ၊ သက်မွေးမှု အတတ်ပညာများ လေ့လာ သင်ယူ ကြဖို့ လိုအပ်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ယနေ့ ပြောကြားခဲ့သည်။

“အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ဆင့်ပွား သင်ယူကြဖို့ လိုပါတယ်၊ အထူးသဖြင့် လုပ်ငန်းခွင်အတွင်း လေ့လာသင်ယူကြဖို့လည်း လိုပါတယ်၊ နည်းပညာ တိုးတက်မှု၊ ရာသီဥတု ပြောင်းလဲမှု၊ လူဦးရေ တိုးတက်လာမှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တွေက အလုပ်အကိုင် ရပ်ဝန်း တွေကို ပြောင်းလဲနေတဲ့အတွက် ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန်က ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ (၁၂) ကြိမ်မြောက် အာဆီယံ ဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်း အစည်း အဝေးတွင် ပြောခဲ့ခြင်းဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများသည် လျင်မြန်လျက်ရှိပြီး အလုပ်အကိုင် ပုံသဏ္ဍာန်များ၊ လုပ်ငန်းခွင် ဆက်ဆံရေးများ၊ ကျွမ်းကျင်မှု လိုအပ်ချက်များ၊ လူမှုဖူလုံရေး နည်းပညာ ထုတ်လုပ်မှုများ၊ အလုပ်အကိုင်အဖွဲ့အစည်းများ၊ အလုပ်အကိုင် စီမံခန့်ခွဲမငများနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား – သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုတို့အပေါ် ကြီးမားသည့် သက်ရောက်မှုကို ဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု စီမံချက် (MSDP:_ Myanmar Sustainable Development Plan) တွင် အလုပ်သမားရေးရာနှင့် ပတ်သက်ပြီး အာဆီယံ ကတိကဝတ်များ၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည် ဖွံ့ဖြိုးမှု ရည်မှန်းချက် ပန်းတိုင်များနှင့်အညီ စီမံချက် ရေးဆွဲခဲ့ကာ ဝန်ကြီးဌာနများ၊မိတ်ဖက်အဖွဲ့အစည်းများနှင့် ကဏ္ဍအစုံ ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း၊ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ ဆွေးနွေး ညှိနှိုင်း ရေးဆွဲထားသော သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ဆိုင်ရာ ဌာနေ အစီအစဉ် ၂၀၁၈ – ၂၀၂၁ (DWCP:_ Decent Work Country Programme 2018 – 21) အရ လုံခြုံ စိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်စေရေးး၊ ရွှေ့ပြောင်း လုပ်သားများ၏ လူနေမှု ဘ၀ မြှင့်တင်ရေး၊ ပြည်သူလူထုအကြား လုံခြုံ စိတ်ချရသည့် ရွှေ့ပြောင်း သွားလာမှု ဆိုင်ရာ အသိပညာပေးမှု မြှင့်တင်ရေးတို့အတွက် ရွှေ့ပြောင်း လုပ်သားများ အပါအဝင် အလုပ်သမားများအတွက် လုပ်သားဈေးကွက်၊ သတင်း အချက်အလက်စနစ်နှင့် ဝန်ဆောင်မှုများ အဆင့်မြှင့်ခြင်း၊ အလုပ်အကိုင်နှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု ပေးသည့် ဝန်ဆောင်မှုများကို ပိုမို ကောင်းမွန်လာရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ INGOs, NGOs များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။

ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ အာဆီယံ ဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်း အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ အာဆီယံ ဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်း အစည်းအဝေးများကိုမြန်မာနိုင်ငံတွင် ပဉ္စမအကြိမ် အကြိုညှိနှိုင်း အစည်းအဝေးမှ စတင် ကျင်းပခဲ့ရာ ယခုအစည်းအဝေးသည် (၈)မြောက်အစည်းအဝေး ဖြစ်ကြောင်း၊ ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ (၁၂) ကြိမ်မြောက် အာဆီယံ ဖိုရမ်သို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်များအတွက် အကြံပြုချက်များ ပြင်ဆင်နိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခု အစည်းအဝေးတွင် ရွှေ့ပြောင်း လုပ်သားများ အား ရေရှည် ဖွံ့ဖြိုး တိုးတက်၍ မျှတပြီး တန်းတူညီမျှမှု ရှိသော ကာကွယ် စောင့်ရှောက်မှုနှင့် ၎င်းတို့ အတွက် တည်တံ့ခိုင်မြဲသည့် အလုပ်အကိုင်ရရှိရေးတို့ကို ဦးတည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)