Connect with us

Social

သြင်္ကန်ကာလတွင် ပုံမှန်ရထားများအပြင် သြင်္ကန်အထူး ရထားများတိုးချဲ့ပြေးဆွဲမည်

ပြေးဆွဲနေသည့်ရထားတစ်စင်းအားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် သြင်္ကန်ကာလတွင် ပုံမှန်ရထားများအပြင် သြင်္ကန်အထူး ရထားများကို ခရီးသွားများသော သြင်္ကန်မတိုင်မီ နှင့် သြင်္ကန်ပြီးကာလများ၌ ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်းအမှတ်(၇) သွားလာပို့ဆောင်ရေးဌာနခွဲမှ သိရသည်။

မြန်မာ့မီးရထားသည် လာမည့်သြင်္ကန်ကာလတွင် လက်ရှိပြေး ဆွဲပေးနေသောရ ထားများအပြင် သြင်္ကန်အထူး ရထားများကို သြင်္ကန်ကာလမ တိုင်ခင်နှင့် သြင်္ကန်ပြီးကာလ များတွင် အဓိကပြေးဆွဲပေးမည်ဖြစ်သည်။ လက်ရှိ ပုံမှန်ပြေးဆွဲ ပေးနေသောရထားများမှာ အဓိက ရန်ကုန်- မန္တလေး လမ်းကြောင်း၌ အစုန်/အဆန် ခြောက်စင်း၊ စာပို့ အစုန်/အဆန်နှစ်စင်း စုစုပေါင်းရှစ်စင်း ပြေးဆွဲပေးလျက်ရှိသည်။

အဆိုပါ ရန်ကုန်- နေပြည်တော်လမ်းကြောင်း၌လည်း အမြန်ရထား အစုန်/ အဆန် လေးစင်းဖြင့် ပုံမှန်ပြေးဆွဲ ပေးလျက်ရှိသည်။ ယခုနှစ် သြင်္ကန်အထူးရထားအဖြစ်ပြေးဆွဲမှုကို မြန်မာ့ မီးရထားအနေဖြင့် ဧပြီ ၇ ရက်မှစတင်ကာ ပြေးဆွဲပေးမည် ဖြစ်ပြီး ဧပြီ ၈ ရက်နှင့် ၉ ရက်တို့တွင် ရန်ကုန်- မန္တလေး၊ မန္တလေး- ရန်ကုန် အစုန်/အဆန် နှစ်စင်း ပြေးဆွဲပေးမည်ဖြစ်သည်။ ဧပြီ ၁၀ ရက်တွင် အဆိုပါလမ်းကြောင်းရှိ ရန်ကုန်- နေပြည်တော် ခရီးစဉ်တွင် တစ်စင်း၊ မန္တလေး- နေပြည်တော်တွင် တစ်စင်း စုစုပေါင်းနှစ်စင်း ပြေးဆွဲပေးမည်ဖြစ်ကာ ဧပြီ ၁၁ ရက်တွင် ရုံးတက်ရက် နောက်ဆုံးဖြစ်ခြင်းကြောင့် ဝန်ထမ်းများ အဆင်ပြေစေရန်အတွက် နေပြည်တော်- ရန်ကုန် သြင်္ကန်ရထား နှစ်စင်းလုံးပြေးဆွဲပေးသွားမည်ဖြစ် သည်။ ဧပြီ ၁၂ ရက်တွင် ရန်ကုန်-မန္တလေးသြင်္ကန် အထူးရထားတစ်စင်းသာ ပြေးဆွဲပေးမည် ဖြစ်ပြီး သြင်္ကန်ရက်များတွင် အဆိုပါ သြင်္ကန် အထူးရထားများပြေးဆွဲမှုကို ရပ်ဆိုင်းထားမည်ဖြစ်သည်။ သြင်္ကန်ပြီး ဧပြီ ၁၈ ရက်တွင် သြင်္ကန်အထူးရထားများ ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကာ ယင်းနေ့ တွင် ရန်ကုန်- မန္တလေး၊ မန္တလေး- ရန်ကုန် နှစ်စင်းနှင့် ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်တို့ တွင်လည်း နှစ်စင်းနှုန်းဖြင့်သာ ပြေးဆွဲပေး သွားမည်ဖြစ်သည်။ ဧပြီ ၂၁ ရက်တွင် မန္တလေး- ရန်ကုန်သြင်္ကန် အထူးရထား တစ်စင်းတည်းသာ ပြေးဆွဲပေးမည်ဖြစ်ပြီး ဧပြီ ၂၂ ရက် တွင် သြင်္ကန်အထူးရထားများ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၂၃ ရက် တွင်မူ နေပြည်တော်ပြန်ဆင်း မည့်ဝန်ထမ်းများ အဆင်ပြေစေရန် အတွက် ရန်ကုန်- နေပြည်တော် သြင်္ကန် အထူးရထားနှစ်စင်း ပြေးဆွဲပေးမည် ဖြစ်ပြီး အဆိုပါခရီးစဉ်များ ပြေးဆွဲပေး နိုင်ရန်အတွက် မြန်မာ့မီးရထားတိုင်း အမှတ်(၇)သွားလာပို့ဆောင်ရေးဌာနခွဲ မှ မြန်မာ့မီးရထားရုံးချုပ် စီမံခန့်ခွဲဌာန သို့တင်ပြထားပြီး ဧပြီလဆန်းပိုင်းတွင် ရပ်နားဘူတာများနှင့် ထွက်ခွာ/ ဆိုက် ရောက်အချိန်များကို သက်ဆိုင်ရာဘူတာ များအလိုက် ထုတ်ပြန်ပေးသွား မည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် လက်ရှိ တွင် ပုံမှန်ပြေးဆွဲပေးနေသောရထားများ အဖြစ် ရန်ကုန်- မန္တလေးခရီးစဉ်တွင် အစုန်/အဆန် ရှစ်စင်းရှိပြီး သြင်္ကန် ကာလရက်များတွင် ၅ အဆန်နှင့် ၆ အစုန် ကိုရပ်နားမည်ဖြစ်ကာ ကျန်ရထားများ ကို ပုံမှန်ခရီးစဉ်အတိုင်း ပြေးဆွဲသွား မည်ဖြစ်သည်။ ရန်ကုန်- နေပြည်တော် ခရီးစဉ်တွင် အစုန်/ အဆန်လေးစင်း လက်ရှိပြေးဆွဲနေပြီး သြင်္ကန်ကာလရက် များတွင် ၇ အဆန်နှင့် ၈ အစုန်ကို နားထားမည်ဖြစ်ကာ အမှတ် (၃၁) နှင့် အမှတ် (၃၂) ရထားများကို ပုံမှန် ပြေးဆွဲပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်း မွန်ပြည်နယ် မော်လမြိုင် ခရီးစဉ်တွင်လည်း လက်ရှိလေးစင်း ပြေးဆွဲပေးနေပြီး အဆိုပါလမ်းကြောင်း ထားဝယ်ခရီးစဉ်တွင် နှစ်စင်းပြေးဆွဲ ပေးလျက်ရှိရာ စုစုပေါင်းခြောက်စင်း ပြေးဆွဲပေးလျက်ရှိသည်။ သြင်္ကန်ကာလ တွင် အဆိုပါ ရထားခြောက်စင်းထဲမှ အမှတ် (၃၅) နှင့် အမှတ် (၃၆) တို့ကို သြင်္ကန်ကာလတွင် အနားပေးထားမည် ဖြစ်ပြီး ကျန်လေးစင်းကို ပုံမှန်ပြေးဆွဲ သွားမည်ဖြစ်ကာ ပြည်လမ်းပိုင်းတွင် လည်း အမှတ် (၇၁) နှင့် အမှတ် (၇၂) ၊ ပုဂံခရီးစဉ်တွင် အမှတ် (၆၁) နှင့် အမှတ် (၆၂) ခရီးစဉ်ရထားများကို ရပ်နားထား မည်ဖြစ်သည်။ သြင်္ကန်ကာလ၌ ပြည် လမ်းခရီးစဉ်တွင် အမှတ် (၆၃)နှင့် (၆၄) စာပို့ရထားများ ပြေးဆွဲပေးမည်ဖြစ်ပြီး သာရဝေါလမ်းပိုင်းမှ အမှတ် (၆၉) နှင့် အမှတ် (၇၀) တို့ကို ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်သြင်္ကန်ကာလတွင် ခရီးသွား ပြည်သူများအဆင်ပြေစေရန် မြန်မာ့ မီးရထားအနေဖြင့် သြင်္ကန်အထူး ရထား များကို သြင်္ကန်မတိုင်ခင် ၁၀ စင်းနှင့် သြင်္ကန်ပြီးကာလများတွင် သြင်္ကန်အထူး ရထားကိုးစင်း ထပ်မံတိုးချဲ့ ထားသော် လည်း ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ မူလ ဈေးနှုန်းအတိုင်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.