Connect with us

Social

ရန်ကုန်တွင် ရေကစားမဏ္ဍပ် ပေါင်း ၂၂ ခု လျှောက်ထားမှုရှိ

သင်္ကြန်မဏ္ဍပ်တစ်ခု ရှေ့တွင် ရေပက်ခံကားများ ရေပက်ခံနေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် မြန်မာ့ရိုးရာအတာရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲရန်အတွက် ရန်ကုန်တွင် ရေကစားမဏ္ဍပ် စုစုပေါင်း ၂၂ ခုသာ လျှောက်ထားမှုရှိကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မဟာသြင်္ကန်ပွဲတော်ကျင်းပရေး မဏ္ဍပ် နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေးရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် ၂ဝ၁၇ ခုနှစ် မတ်လ ၂၅ ရက် နောက်ဆုံးလျှောက်ထားနိုင်ကြောင်း သတင်းစာမှာကြေညာခဲ့ပြီးနောက် မဏ္ဍပ်ကြီး ၁၇ ခုနှင့် မဏ္ဍပ်အလတ်ငါးခု စုစုပေါင်း ၂၂ ခု လာရောက်လျှောက်ထားကြောင်း၊ မဏ္ဍပ်ဆောက်လုပ်ရန်အရေအတွက်ကိုတင်ပြလာသည့်လျှောက်လွှာများပေါ်မူတည်ပြီး စိစစ်ဆုံးဖြတ်ပေးသွားမှာ ဖြစ်ကြောင်း၊ စပေါ်ငွေအနေဖြင့် မဏ္ဍပ်ကြီးကို ငွေကျပ် သိန်း ၂ဝဝ ၊ မဏ္ဍပ်အလတ်ကို ငွေကျပ်သိန်း ၁ဝဝ သတ်မှတ်ထားပါကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

ယခုနှစ်မှာ စီးပွားဖြစ်ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ခွင့်ပြုသွားမှာ မဟုတ်ဘဲ မိသားစုရေကစားမဏ္ဍပ်တွေနဲ့ ကုမ္ပဏီစပွန်ဆာ ရေကစားမဏ္ဍပ်တွေ ကိုသာ လမ်းပန်းဆက်သွယ်ရေးလွယ်ကူစေမယ့် လမ်းတွေမှာသာ ခွင့်ပြုပေးသွား မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.