Connect with us

Social

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖေဖော်ဝါရီလအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် မအေးချမ်းအောင် အား ရွေးချယ်

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်ခြင်း ခံရသည့် မအေးချမ်းအောင်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူး ဂုဏ်ပြု ထိုက်သူများအား ရွေးချယ်၍ ပြည်သူသို့ကျေးဇူးတင်လွှာများ ထုတ်ပြန်ရာတွင် ယခုနှစ် ဇွန်လ အတွက် ချီးကျူး ဂုဏ်ပြု ထိုက်သူ အဖြစ် မအေးချမ်းအောင်ကို ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ မတ် ၂၈ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

အသက် ၂၇ နှစ် အရွယ် မအေးချမ်းအောင်သည် ရခိုင် တိုင်းရင်းသား ဖခင် ဦးမြင့်အောင် နှင့် ဓနု တိုင်းရင်းသူ မိခင် ဒေါက်တာ ဒေါ်သန်းနုတို့မှ ၁၉၉၀ ခုနှစ်တွင် အောင်ပန်းမြို့၌ မွေးဖွား သန့်စင်ခဲ့ပြီး မွေးရာပါ အဖြစ် ညာဖက် မျက်စိ အမြင် အာရုံ ချို့ယွင်းခဲ့သူ ဖြစ်သည်။အသက် ၁၀ နှစ် အရွယ် မူလတန်း ပညာ သင်ကြားနေစဉ် ဘယ်ဘက် မျက်စေ့မှာလည်း လုံး၀ အလင်း ကွယ်ခဲ့သဖြင့် အမြင် အာရုံ လုံး၀ ပျောက်ဆုံး ခဲ့ရသည်။

သို့ရာတွင် အားငယ်စိတ် အလျဉ်းမရှိ ၊ ဘဝကို အလွယ်တကူ အရှုံးမပေးဘဲ မိခင်ဖြစ်သူ၏ အားပေး ကူညီမှုများဖြင့် ကြိုးပမ်း အားထုတ်ခဲ့ရာ ၂၀၀၆ ခုနှစ်တွင် အခြေခံ ပညာ အထက်တန်းကို အင်္ဂလိပ် ၊ သမိုင်း ၊ ဘောဂဗေဒ (၃)ဘာသာ ဂုဏ်ထူး ၊ ရမှတ် ၄၈၁ မှတ်ဖြင့် မြန်မာ တစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲ ပထမ အဆင့်ဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ်မှ B.A(English)ဘွဲ့ကို ရရှိခဲ့သည်။ထို့ပြင် ရွှေမင်းသား ဖောင်ဒေးရှင်းမှ ဖွင့်လှစ်သည့် ကွန်ပြူတာ သင်တန်းကိုလည်း တက်ရောက် အောင်မြင်ခဲ့သည်။

မအေးချမ်းအောင်သည် အမြင်အာရုံ ချို့ယွင်းသည့် လူငယ်များ၏ ပညာမျက်စိ အလင်း ဖွင့်ကာ ဘ၀ အနေ အထား မြင့်မား စေလိုသည့် စိတ်ရင်း စေတနာဖြင့် ၂၀၁၂ ခုနှစ်တွင် ရမည်းသင်း မျက်မမြင်ကျောင်း၌ စေတနာ့ ဝန်ထမ်း လုပ်အားပေး ဆရာမ အဖြစ် သွားရောက် ပညာ သင်ကြားပေးခဲ့သည်။တဖန် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့မှ ခေါ်ယူသည့် မသန်စွမ်း လူငယ်များ ခေါင်းဆောင်မှု မြင့်တင်ရေး သင်တန်းသို့တက်ရောက်ခဲ့သည်။

အကြောင်း အမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူများကို သာမန်လူများ နည်းတူ နယ်ပယ်စုံတွင် တန်းတူညီမျှ ဆက်ဆံမှု ရရှိနိုင်ရေး ကိစ္စရပ်များ ဆက်လက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြား တက္ကသိုလ်ကြီး တစ်ခုတွင် Public Policy ပြည်သူ့ရေးရာ မူဝါဒ ပညာရပ် ဆိုင်ရာ မဟာဘွဲ့ရယူသွားရန် စိတ်ပိုင်း ဖြတ်ထားသူ လည်း ဖြစ်သည်။ယခုအခါ မိခင် ဖြစ်သူ နှင့် အတူ အောင်ပန်းမြို့တွင် နေထိုင်ရင်း အင်္ဂလိပ်-မြန်မာ ဘာသာပြန်ခြင်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းလျက် ရှိသည်။

မအေးချမ်းအောင် နည်းတူ နိုင်ငံသူနိုင်ငံသားများ ၊ ပရဟိတ စေတနာရှင်များ ၊ လူမှုရေး အသင်း အဖွဲ့များ ၊ ပြည်သူများ အနေဖြင့် မလျော့သော ဇွဲ ၊ မပြတ်သည့် လုံ့လ ၊ ခိုင်မာသော ဝီရိယ တို့ကို အရင်းခံလျက် တတ်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက်ကာ နိုင်ငံတော် နှင့် ပြည်သူအတွက် အလုပ်အကျွေး ပြုနိုင်သော သားကောင်း ရတနာများ ဖြစ်ကြပါစေရန် မေတ္တာ ရပ်ခံလျက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.