ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ ငွေဒင်္ဂါးပြား ၂၂၄ ပြား တူးဖော်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘဏ္ဍာနှစ် အသစ်နှင့် အဟောင်းကြားရှိ ခြောက်လ ဘတ်ဂျက်မှ စပြီး လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ငွေ ပိုမို သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ တွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးကန်အတွင်း ငါးမျိုးစိတ်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို သဘာဝဝန်းကျင်နှင့်သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနနှင့် Friends of Wildlife– FoW အဖွဲ့တို့ ပူး ပေါင်း ၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိတ်ပေါင်း ၁၀၅ မျိုးအထိ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) လျှပ်စ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် LNG ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်အရ ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ၎င်းဌာန၏ ယနေ့ပြုလုပ်သော သတင်းစာ ရှင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များ သတ်မှတ်၍ စနစ်တကျ ပါကင်ကြေးကောက်မည့် အစီအစဉ်ကို ပုဂ္ဂလိကထံသို့ ဆပ်ကန်ထရိုက်(Sub-contract )ပေးသည့် စနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်သွားလာမှု များပြားသော လမ်းကြောများရှိ မီးပွိုင့်များ၌ ယာဉ်သွားလာမှု များပြားသည့်အချိန်ကို ချိန်ညှိ၍ လမ်းကြောင်း ရှင်းလင်းစေရေး ထိန်းချုပ်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကား ချစ်သူများနေ့ဖြစ်သည့်အားလျော်စွာ ပြည်သူ့ရင်ပြင် တွင် ချစ်သူစုံတွဲများ သူ့ထက်ငါအပြိုင်အဆိုင်နိုင်ရန်အတွက် ဂိမ်းကို ကြိုးစားယှဉ်ပြိုင် ကစားလျက်ရှိသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရသေ့တောင်-ဘူးသီးတောင်ကားလမ်းကို မြေသားလမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင်း ပြီးစီးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ အဆိုပါ ကားလမ်းဖောက်လုပ်မှု စီမံကိန်းထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အဌားယာဉ်များကို City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁၀၀၀၀ခန့် ကျန်ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ တန်ဖိုးနည်း နှင့် တန်ဖိုးသင့် တိုက်ခန်းများအား ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့အစီအစဉ်ဖြင့် ပြည်သူများ(အထူးသဖြင့် ဝင်ငွေနည်း ပြည်သူများ ၊ နိုင်ငံ့ ဝန်ထမ်း များ ၊...