Connect with us

Social

ရန်ကုန်မဟာသြင်္ကန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီ်က သီချင်း၊ သံချပ် ဆုပေးမဏ္ဍပ်များအား လာရောက်စာရင်းပေးသွင်းကြရန် ကြေညာချက်ထုတ်ပြန်

ရန်ကုန်မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီ ၏ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မဟာသြင်္ကန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီထံသို့ သံချပ်များအားကြိုတင်စိစစ်နိုင်ရန် မတ်လ ၂၈ ရက်နောက်ဆုံးထား၍ သီချင်း၊ သံချပ် ဆုပေးမဏ္ဍပ်များ လာရောက်စာရင်းပေးသွင်းကြရန် ရန်ကုန်မဟာသြင်္ကန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ကြေညာချက်ထုတ်ပြန်သည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိုးရာယဉ်ကျေးမှုများ နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း၍ စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရာ မဟာသြင်္ကန်သီချင်း၊သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီလည်းအပါအဝင်ဖြစ်ကြောင်း သိရသည်။

မဟာသြင်္ကန်ပွဲတော်ဖျော်ဖြေတင်ဆက်မည့် အဖွဲ့များ ၏ သီချင်းများ၊ သံချပ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိခိုက်မှုမရှိစေရန် နှင့် ဘာသာရေး၊လူမျိုးရေးထိခိုက်စေမည့် အသုံးအနှုန်းများမပါဝင်စေရေး၊ ရိုင်းပျသည့်အသုံးအနှုန်း ဟန်ပန်အမူအယာ များ မပါရှိစေရေးတို့ကို သတိပြုအလေးထားလိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.