Sport
စင်ကာပူBalestier Khalsa အသင်း မှ မြန်မာကစားသမားနှစ်ဦးအားခေါ်ယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
စင်ကာပူ S.League ကလပ်အသင်းတစ်သင်းဖြစ်သည့် Balestier Khalsa (ဘလီစတီရာခယ်ဆာ) အသင်းသည် မြန်မာနေရှင်နယ်လိဂ် ကလပ် ရတနာပုံအသင်းမှ ကွင်းလယ်ကစားသမား နန္ဒလင်းကျော်ချစ်နှင့် နေပြည်တော်အသင်းမှ ကွင်းလယ်ကစားသမား အောင်ကျော်နိုင်တို့ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
၎င်းကစားသမားနှစ်ဦးအား ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကစားသမား ၂ ဦးသည် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော AFF Suzuki Cup 2014 တွင် မြန်မာ့လက်ရွေးစင်ကစားသမားများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ကျော်နိုင်သည် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရမြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်း၌ ပါဝင်ကစားခဲ့သူဖြစ်ကြောင်း သိရသည်။
နန္ဒလင်းကျော်ချစ်နှင့် အောင်ကျော်နိုင်တို့သည် စင်ကာပူ S.League တွင် ပထမဆုံး ဝင်ရောက်ကစားမည့် ကစားသမားများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)