Connect with us

Sport

မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်)အား ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ တက်ရောက် ဖွင့်လှစ်

မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်)အား ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအ၀င် တာဝန်ရှိသူအားက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့ရာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက လာရောက် ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်)အား သင်္ဃန်းကျွန်း မြို့နယ်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ရုံးအနီး တည်ရှိကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် စတင် အုတ်မြစ်ချခဲ့ပြီး စုစုပေါင်း အကျယ်အဝန်း ၆.၅၅ ဧက ရှိကာ စုစုပေါင်း ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၂၇၈၄၇၉၄ ရှိကြောင်း သိရသည်။ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို က “မြန်မာနိုင်ငံ အနေနဲ့၂၀၁၅ ခုနှစ်တုန်းက ယူ ၂၀ အသင်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့သလို အောင်မြင်မှုမျိုး ပြန်ရ လာနိုင်မယ်လို့ ယုံကြည်ပါတယ်။

မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို က သတင်းမီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်)အား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်) မ ှကျောင်းသူကျောင်းသားများ ကိုတွေ့ရစဉ်နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို က လိုက်လံနှုတ်ဆက်စဉ် (ဆင်ဟွာ)

မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်) မ ှကျောင်းသူကျောင်းသားများ ကိုတွေ့ရစဉ်နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို က လိုက်လံနှုတ်ဆက်စဉ် (ဆင်ဟွာ)

မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်) မ ှကျောင်းသူကျောင်းသားများ ကိုတွေ့ရစဉ်နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို က လိုက်လံနှုတ်ဆက်စဉ် (ဆင်ဟွာ)

လက်ရှိ ဖွင့်လှစ်ပြီးတဲ့ ဘောလုံး အကယ်ဒမီတွေက မြန်မာ့ ဘောလုံး အိပ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့တွန်းအားပေးနိုင်ပါလိမ့်မယ်။”ဟု ဖွင့်ပွဲ အခမ်းအနား အပြီး သတင်းမီဒီယာများအား ပြောကြားခဲ့သည်။အခမ်းအနားတွင် မြန်မာ ဘောလုံး အကယ်ဒမီ(ရန်ကုန်)အား ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို နှင့် အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.