Connect with us

Sport

မြန်မာလက်ရွေးစင် ယူ-၁၉ အသင်း ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည်

ယူ-၁၉ အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသားအသင်းသည် ဗီယက်နမ် နိုင်ငံတွင် ကျင်းပမည့် ဗီယက်နမ် ယူ-၁၉ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် International U19 Football Tournament ပြိုင်ပွဲအား မြန်မာယူ-၁၉ အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံ Nha Trang City တွင် ကျင်းပမည် ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် အသင်းများကို အတည်ပြုခြင်း မရှိသေးဘဲ မြန်မာနိုင် ငံ ဘောလုံး အဖွဲ့ချုပ်က ဗီယက်နမ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ ဖိတ်ကြားမှုကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.