Connect with us

Sport

မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းအသင်းတို့သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည်

ဆူဇူကီးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အသင်း အုပ်ချုပ်သူ၊နည်းပြ၊ ကစားသမားများသည် ရရှိသည့် လေ့ကျင့်ရေးစရိတ်များကိုလှူဒါန်းစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းအသင်းတို့သည် ဒီဇင်ဘာလ ၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါပွဲစဉ်အတွက် ကြိုတင်လက်မှတ်များကို ဒီဇင်ဘာလ ၂ ရက်နှင့် ၃ရက်နေ့များတွင် အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းတို့တွင် မနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ၊ လှည်းတန်းစင်တာတွင် မနက် (၁၀) နာရီမှ ည(၇)နာရီအထိ ရောင်းချပေးသွားမည်ဖြစ်သည်။

ယခင်က မြန်မာပလာဇာတွင် ရောင်းချရန်စီစဉ်ထားသော်လည်း နေရာအခက်အခဲကြောင့် လှည်းတန်းစင်တာတွင် ပြောင်းရွှေ့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ဆူဇူကီးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အသင်း အုပ်ချုပ်သူ၊နည်းပြ၊ ကစားသမားများသည် ရရှိသည့် လေ့ကျင့်ရေးစရိတ်များကို စုစည်းကာ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ မှ ကလေးငယ်များ ကျန်းမာပျော်ရွင်စေရေးအတွက် လှူဒါန်းငွေ ၁၀သိန်း ၃သောင်းကို လှူ ဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.