Connect with us

Sport

မြန်မာ၊ လာအို၊ ထိုင်း နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဒီဇင်ဘာ ၄ ရက် နေ့တွင်ကျင်းပမည်

မြန်မာ နှင့် ထိုင်းမှယှဉ်ပြိုင်ထိုးသတ်မည့် သူနှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၁ရက် (ဆင်ဟွာ)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ကကြီးမှူးပြီးH&S Group က စီစဉ်မည့် မြန်မာ၊ လာအို၊ ထိုင်း နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အား ကစားရုံ၌ ဒီဇင်ဘာ ၄ ရက် နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ထိုင်းတို့၏ အေအက်ဖ်အက်ဖ် ဆူဇူကီးဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲ နှင့် အချိန်တိုက်ဆိုင်မှု မရှိစေရန် မွန်းလွဲ ၂ နာရီအစားမွန်းလွဲ ၁ နာရီသို့ ပြောင်းလဲကျင်းပမည်ဟု ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ ငါးချီပွဲတွင် ရွှေခါးပတ်ချန်ပီယံနှင့် ဒဂုံရွှေအောင်လံဆုရှင် စိုးလင်းဦး (ဒို့ရိုးရာ)နှင့်Champion WKN 67 KG 2012 KI Champion at Italia စသည့်ဆုများ ရရှိထား သည့် ပက်ထွန်ဆူစာကော(ထိုင်း)၊ ရွှေခါးပတ် ချန်ပီယံသပြေညို(ဘိလပ်မြေစက်ရုံ)နှင့် မွေထိုင်း အကယ်ဒမီကလပ်မှ ဝမ်သီပေါင် (ထိုင်း)၊ မိုးဟိန်း(မြိုင်ကလေးဘိလပ်မြေစက်ရုံ)နှင့် ဆွမ်ဘောင်း (လာအို)၊ နှစ်ထပ်ကွမ်း ရွှေခါးပတ်ချန်ပီယံ ရဲသွေးနီ(တောင်ကလေး)နှင့် စူပါမွေထိုင်း ၅၇ ကီလို တန်းချန်ပီယံ(လာအို)တို့ ယှဉ်ပြိုင်ထိုးသတ်ကြ မည်ဖြစ်ပြီး ပြည်တွင်း စိန်ခေါ်ပွဲများတွင် စောထူးအောင် (ဒို့ရိုးရာ)နှင့်ဉာဏ်လင်းအောင်(မြိုင်ကလေးဘိလပ်မြေစက်ရုံ)တို့က ငါးချီပွဲ၊ ဆလိုင်း ချမ်းမြေ့ ကို (ထွန်းသွင်)နှင့် လှမင်းအောင် (မြိုင်ကလေးဘိ လပ်မြေစက်ရုံ)၊ ရွှေဖားစည်(မြိုင်ကလေးဘိလပ်မြေ စက်ရုံ)နှင့် အံဘွား(မန္တလေး ယူနိုက်တက်)တို့က လေးချီပြိုင်ပွဲများ ယှဉ်ပြိုင်ထိုးသတ်ကြ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ပွဲအတွက် ဝင်ကြေးအား ငွေကျပ် ၁ဝ,ဝဝဝ၊ ၂၅,ဝဝဝ၊ ၃ဝ,ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.