Connect with us

Sport

ဆူဇူကီး ၂၀၁၆ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲအတွက် လက်မှတ်ဝယ်ယူသူများပြား

ဘောလုံးပွဲလက်မှတ်ဝယ်ယူရန် တန်းစီနေကြစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ဆူဇူကီး ၂၀၁၆ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဒီဇင်ဘာလ ၄ရက်နေ့၊ ညနေ ၆နာရီတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါ ပွဲအတွက် ကြိုတင်လက်မှတ်များကို ယနေ့ နံနက် ၁ဝနာရီမှ စတင်ရောင်းချခဲ့ပြီး လာရောက်ဝယ်ယူသူ များပြားခဲ့ကြောင်း၊ ပဒုမ္မာကွင်းတွင် လက်မှတ်ရောင်းချမှု မှာ နေ့လည် ၁နာရီတွင် လက်မှတ်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

လက်မှတ်များကို သုဝဏ္ဏအားကစားကွင်း၊ အောင်ဆန်း၊ ပဒုမ္မာကွင်း နှင့်

ရောင်းချနေကျ မြန်မာပလာဇာ အစား လှည်းတန်းစင်တာတွင် အစားထိုးရောင်းချပေးနေကြောင်း၊ လက်မှတ်ဝယ်ယူလိုသူများ အနေဖြင့် မှတ်ပုံတင် ယူဆောင်လာရမည်ဖြစ်ပြီး မှတ်ပုံတင် ၁ခုလျှင် လက်မှတ် ၂စောင် နှုန်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဆန်းကွင်း လက်မှတ် အရောင်းကောင်တာ၌ စနစ်မကျသော ဝယ်ယူမှုများကြောင့် လက်မှတ်ရောင်းချမှုအား ခေတ္တ ရပ်ဆိုင်းခဲ့ရကြောင်း၊ သို့သော် ယခုအချိန်တွင် ပြန်လည်ဖွင့်လှစ် ရောင်းချ ပေးနေပြီ ဖြစ်ကြောင်း နှင့် စည်းကမ်းတကျ တန်းစီစနစ်ဖြင့် ဝယ်ယူအားပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း မေတ္တာရပ်ခံ ကြေညာချက်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.