Connect with us

Sport

မြန်မာ-အမေရိကန် မြန်မာ့ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်

မြန်မာ-အမေရိကန် မြန်မာ့ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကြော်ငြာ ဆိုင်းဘုတ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

မြန်မာ-အမေရိကန် မြန်မာ့ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီး (MONSOON FIGHT) ကို ဇူလိုင်လ ၂၆ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီမှ စတင်ကာ ရန်ကုန်မြို့ သိမ်ဖြူလမ်း မြန်မာနိုင်ငံ ဆရာဝန် အသင်းတိုက်ရှေ့ရှိ မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားပြိုင်ပွဲရုံ၌ ကျင်းပမည် ဖြစ်ကြောင်း Myanmar Media Group မှ သတင်း ထုတ်ပြန်သည်။

မြန်မာ-အမေရိကန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် လေးချီစိန်ခေါ်ပွဲများလည်း ပါဝင်မည်ဖြစ်ပြီး၊ တူးတူး (မြန်မာ)နှင့် ဆိုင်းရပ် (အမေရိကန်) ၊ ဖိုးကာ (T&T) နှင့် သွေးသစ်အောင်(နဂါးနီ)၊ ကျားပေါက် (ရွှေသောင်းရင်း) နှင့် လေးညှို့ရှင် (ခ) ရှမ်းက (T&T)၊ အားမာန် (အဖြူရောင်သွေးသစ်) နှင့် အောင်ပိုင်လေး

(ရွှေသောင်းရင်း)၊ ရာမာဉ် (နဂါးမာန်) နှင့် ထွန်းနိုင်ဦး (အဖြူရောင်သွေးသစ်) တို့က လေးချီ စိန်ခေါ်ပွဲများ အဖြစ် ထိုးသတ် ကြမည် ဖြစ်သည်။အဆိုပါ မြန်မာ-အမေရိကန် မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို မြန်မာ့ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး AIR KBZ က အဓိက ပံ့ပိုးကူညီကာ Myanmar Media Group က စီစဉ် ကျင်းပခြင်း ဖြစ်ပြီး ကြိုတင် လက်မှတ်ကို အမှတ် ၃၁/၁၆၇ လမ်း တာမွေမြို့နယ် ရန်ကုန်မြို့၌ ဝယ်ယူနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.