Connect with us

Sport

အိုလံပစ် အားကစားနည်း ဖြစ်သည့် အာရှ သက်ငယ်တန်း နပမ်း ပြိုင်ပွဲကို အိမ်ရှင်မြန်မာမှ လက်ခံကျင်းပ

၂၀၁၅ ခုနှစ် အာရှ သက်ငယ်တန်း နပမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံ- အားကစားဝန်ကြီးဌာန)

ရန်ကုန် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၅ ခုနှစ် အာရှ သက်ငယ်တန်း နပမ်းပြိုင်ပွဲ (Asian Junior Wresteling Championship) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဒိ အားကစားရုံ (ဃ) ၌ ပြုလုပ်ခဲ့ပြီး အာရှနပမ်းအဖွဲ့ချုပ်ဥက္ကဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အသီးသီး တတ်ရောက်ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအဖွင့်တွင် ရှေးကျသည့် အိုလံပစ် အားကစားနည်း တစ်ခုဖြစ်သော နပမ်းအားကစားကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရသည့်အတွက် မြန်မာနိုင်ငံရှိ လူငယ်ထု ထဲတွင် လူမှုရေး နယ်ပယ်နှင့် စိတ်ရောကိုယ်ပါ ပိုမို တိုးတတ်လာ စေရန် ရည်ရွယ်ပြီး နပမ်း အားကစားနည်း ဖွံ့ဖြိုး တိုးတက်ရန် အဖွဲ့ဝင်နိုင်ငံများကြား မြန်မာနိုင်ငံသည် တတ်ကြွစွာ ပါဝင် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အာရှ နပမ်းအဖွဲ့ချုပ်ဥက္ကဌ နှင့် မြန်မာနိုင်ငံ နပမ်းအဖွဲ့ချုပ်ဥက္ကဌ တို့ကလည်း အသီးသီး နှုတ်ခွန်းဆက် အမှာစကားများ ဆက်လက် ပြောကြားပေးခဲ့သည်။

၂၀၁၅ ခုနှစ် အာရှ သက်ငယ်တန်း နပမ်းပြိုင်ပွဲ (ဓာတ်ပုံ- အားကစားဝန်ကြီးဌာန)

အာရှ သက်ငယ်တန်း နပမ်းပြိုင်ပွဲကို မြန်မာနိုင်ငံ အိုလံပစ် ကော်မတီနှင့် အားကစားဝန်ကြီး ဌာနတို့ဦးဆောင် လမ်းညွှန်မှုဖြင့် အာရှ နပမ်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ နပမ်း အဖွဲ့ချုပ်တို့ပူးပေါင်း၍ ကျင်းပခဲ့ဲခြင်း ဖြစ်ပြီး ပြိုင်ပွဲမှာ အသက် ၁၈ နှစ်အောက် ပြိုင်ပွဲ ဖြစ်သည်။ တရုတ် ၊ ကိုရီးယား ၊ တရုတ်တိုင်ပေ ၊ မြန်မာ ၊ ထိုင်း တို့အပါအဝင် ပြိုင်ပွဲဝင် နိုင်ငံနှင့် ဒေသပေါင်း ၁၈ ခုမှ အားကစားသမား ၃၃၀ ဦး ပါဝင် ယှဉ်ပြိုင်ပြီး ဇူလိုင်လ ၁၂ ရက်နေ့အထိ ကျင်းပ သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.