Connect with us

Sport

အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲလက်မှတ်များ နိုဝင်ဘာလ ၁၇ ရက်တွင် စတင်ရောင်းချပေးသွားမည်

အာဆီယံချန်ပီယံရှစ်ဆူဇူကီးဖလားပြိုင်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၂၀ရက်တွင်ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ကြိုတင်လက်မှတ်များကို နိုဝင်ဘာလ ၁၇ ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

လက်မှတ် ရောင်းချရာတွင် ကွန်ပြူတာ မှတ်ပုံတင်ခြင်း စနစ်ဖြင့် လာရောက် ဝယ်ယူသူများ၏ မှတ်ပုံတင်များကို မှတ်တမ်းတင် ထားမည် ဖြစ်ကာ မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် (၂)စောင်သာ ဝယ်ယူခွင့် ရှိမည် ဖြစ်သည်။ လက်မှတ် ဈေးနှုန်းအဖြစ် တစ်ရက်စာ (၂)ပွဲအတွက်အထူးတန်း ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ရိုးရိုးတန်း လက်မှတ်ဈေးမှာ ၃၀၀၀ ကျပ် ဖြစ်သည်။

လက်မှတ်များကို တစ်ရက်ခြင်း အပြင် Package လက်မှတ်များပါ ရောင်းချမည် ဖြစ်ပြီး သုံးရက်စာ လက်မှတ် သုံးစောင်ကို အထူးတန်း ၁၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၉၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။ တစ်ရက်ခြင်းစီ အတွက် လက်မှတ်များကို ပွဲနေ့ မတိုင်မီတွင် ကြိုတင်ရောင်းချမည် ဖြစ်ပြီး တစ်ရက်ချင်းစီ အတွက်သာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက် ဗီယက်နမ်ပွဲစဉ်အတွက် လက်မှတ်များကို ၁၇၊ ၁၈၊ ၁၉ ရက်၊

နိုဝင်ဘာလ ၂၃ ရက် ကမ္ဘောဒီးယားပွဲစဉ်အတွက် လက်မှတ်များကို ၂၁၊ ၂၂ ရက်

နိုဝင်ဘာလ ၂၆ ရက် မလေးရှားပွဲစဉ်အတွက် လက်မှတ်များကို ၂၄၊ ၂၅ ရက်များတွင် ကြိုတင် ရောင်းချပေးသွားမည် ဖြစ်သည်။

လက်မှတ် ကြိုတင် ရောင်းချမှု များကို မြန်မာပလာဇာ၊ အောင်ဆန်းကွင်း အထူးတန်း ဝင်ပေါက်၊ ပဒုမ္မာကွင်း အထူးတန်း ဝင်ပေါက်နှင့် သုဝဏ္ဏကွင်း အသင်းတိုက် မှတ်တိုင်ဘက်ခြမ်း (ပြွန်လမ်း) ဂိတ်ပေါက်နှင့် ဝေဇယန္တာလမ်းဘက်ခြမ်း ဝင်ပေါက်များတွင် ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၂၀ ရက်တွင် ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၃ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၆ ရက်တွင် မလေးရှားအသင်း နှင့် လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.