Sport
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် မြန်မာအားကစားအဖွဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရက်ပေါင်း ၉ဝ ကြာ သွားရောက် ပူးတွဲလေ့ကျင့်မည်
ရန်ကုန်၊ ၁၇ ရက် (ဆင်ဟွာ)
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိစေရန် အတွက် Government to Government (အစိုးရချင်းဆောင်ရွက်မှု) အစီအစဉ်အရ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ရက်ပေါင်း ၉ဝ ကြာ သွားရောက် ပူးတွဲလေ့ကျင့် မည်ဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ မြန်မာအားကစား အဖွဲ့တွင် ဝူရှူး အားကစားသမား ၁၆ ဦး၊ Fencing (ဓားရေးပြ) အားကစား သမား ၁၃ ဦး၊ အလေးမ အားကစားသမား ခုနစ်ဦးနှင့် ဘတ်စကက်ဘော အားကစားသမား ၁၆ ဦး ပါဝင်ကြောင်း သိရသည်။ (Xinhua)