Connect with us

Sport

ရန်ကုန်၊ မန္တလေး၊ ပုသိမ်မြို့များရှိ ဘောလုံးအကယ်ဒမီများတွင် တက်ရောက် သင်ကြားခွင့် ရရှိသည့် ကစားသမားများ စာရင်း ထုတ်ပြန် ကြေညာ

ဘောလုံးအကယ်ဒမီများ အတွက် အပြီးသတ် ရွေးချယ်မှုတွင် သရုပ်ပြနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ မေ ၁၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) မှ ဖွင့်လှစ်မည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်) ၊ မြန်မာ ဘောလုံး အကယ်ဒမီ (ပုသိမ်) နှင့် မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)များတွင် ပညာ သင်ကြားခွင့် ရရှိသူ ကျောင်းသား ၉၆ ဦး၏ စာရင်းအား ယနေ့မေ ၁၅ ရက်တွင် AYA BANK Scouting Tour 2017 ကစားသမား ရွေးချယ်ရေး ကော်မတီမှ ထုတ်ပြန် ကြေညာခဲ့သည်။

အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)အတွက် ၂၀၀၅ ခုနှစ် ဖွားမြင်သူ လူငယ် ကစားသမား ၃၀ ဦး ၊ မြန်မာ ဘောလုံး အကယ်ဒမီ(ပုသိမ်)အတွက် ၂၀၀၆/၀၇ ခုနှစ်ဖွားမြင်သူ လူငယ် ကစားသမား ၂၅ ဦး နှင့် ၂၀၀၃/၀၄ ခုနှစ်ဖွားမြင်သူ လူငယ် ကစားသမား ၁၀ ဦး၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)အတွက် ၂၀၀၆/၀၇ ဖွားမြင်သူ လူငယ် ကစားသမား ၃၁ ဦး ၊ စုစုပေါင်း ကျောင်းသားဦးရေ (၉၆)ဦးအထိ အကယ်ဒမီ ကျောင်းသားများ အဖြစ် အတန်းပညာနှင့် ဘောလုံးပညာ တက်ရောက် သင်ကြားရန် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ရွေးချယ်ခံရသည့် မျိုးဆက်သစ် ကျောင်းသားကလေးများသည် မေလ ၂၅ ရက်တွင် မိမိ တက်ရောက် ရမည့် သက်ဆိုင်ရာ အကယ်ဒမီများသို့ သွားရောက် သတင်းပို့ကာ စတင်တက်ရောက်သင်ကြား ခွင့်ရမည် ဖြစ်ပြီး လာရောက် သတင်းပို့ရာတွင် အထောက်အထား (မူရင်း၊မိတ္တူ)များ စုံလင်စွာ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရသည့် ကလေးငယ်များကို အသဲရောင်၊အသားဝါ A၊B၊C ပိုးများ စစ်ဆေးခြင်း၊ သွေးအားကောင်းမွန်နှုန်း စစ်ဆေးခြင်း၊ MRI အရိုးဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဆေးစစ်မှုတွင် ကျရှုံးသည့် ကစားသမားများနှင့် အထောက်အထား စာရွက်စာတမ်းများ အတုအပ ပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည့် ကစားသမားများမှာ ဘောလုံးအကယ်ဒမီ တက်ရောက်ခွင့် စွန့်လွတ်ရမည်ဖြစ်ပြီး ၎င်းတို့နေရာတွင် ရွေးချယ်ရေးအဖွဲ့မှ အရန် ရွေးချယ်ထားသည့် လူငယ်များကို ထည့်သွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လူငယ်ဘောလုံးသမားများအား ရွေးချယ် ပြုစု ပျိုးထောင်ရေးအစီအစဉ် အဖြစ် AYA Bank Scouting Tour 2017 ကို ၂၀၁၇ ခုနှစ် မတ် ၁၄ ရက် မှ ဧပြီ ၂၃ ရက် အထိ မြို့ပေါင်း ၅၅ မြို့တို့တွင် ပြုလုပ်ခဲ့ပြီး ပဏာမ ရွေးချယ်ခံရသည့် လူငယ်ကစားသမားများမှာ ၂၂၉ ဦး ရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.