Connect with us

Sport

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ခြေစမ်းပွဲ ငါးပွဲ ကစားမည်

ခြေစမ်းပွဲကစားကြသည့် အသင်း ၂ သင်း အားတွေ့ရစဉ် (ဓာတ်ပုံ- MFF)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် မေလ ၁၆ ရက် တရုတ် (တိုင်ပေ) အသင်း၊ မေလ ၁၈ ရက်တွင် ရှီဇိုကာ တက္ကသိုလ်အသင်း၊ မေလ ၂၃ ရက်တွင် JEF United အသင်း၊ မေလ ၂၄ ရက်တွင် Seisa Gakuen အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် မေလ ၁၁ ရက်တွင် ကာနာဂါဝါ တက္ကသိုလ် အသင်းနှင့် ခြေစမ်းကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။
လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ကာနာဂါဝါ တက္ကသိုလ်အသင်းတို့သည့် ခြေစမ်းပွဲ ပထမပိုင်းတွင် ဂိုးသွင်း ယူနိုင်ခြင်းမရှိဘဲ ဒုတိယပိုင်း မိနစ် ၆၀ တွင် ကာနာဂါဝါ အသင်းက အဖွင့်ဂိုးရခဲ့ပြီး ၇၃ မိနစ်တွင် လှယဉ်ဝင်းက ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးအသင်းသည် ဂျပန်လေ့ကျင့် ရေးခရီးစဉ်တွင် ခြေစမ်းပွဲ ငါးပွဲ ကစားမည်ဖြစ်ပြီး လေးပွဲကစားရန် ကျန်ရှိနေသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.