Connect with us

Sport

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်သို့ပထမဆုံး အဖြစ် မြန်မာ တောင်တက် အဖွဲ့ဝင် နှစ်ဦး ရောက်ရှိပြီး နိုင်ငံတော် အလံ စိုက်ထူနိုင်

နီပေါနိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်သို့ တက်ရောက်နေသော မြန်မာတောင်တက်အဖွဲ့ အားတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Flag on Everest)

ရန်ကုန် ၊ မေ ၁၉ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်သို့မြန်မာတောင်တက် အဖွဲ့ဝင် နှစ်ဦးသည် ပထမဆုံး အဖြစ် ယနေ့မေလ ၁၉ ရက် ၊ နံနက်ပိုင်းတွင် တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ အလံကို အောင်မြင်စွာ စိုက်ထူ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက် အသင်းမှ သိရသည်။

မြန်မာတောင်တက် အဖွဲ့ဝင် နှစ်ဦး ဖြစ်သည့် ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့သည် ဧဝရတ် တောင်ထိပ်သို့ တက်ရောက်ရန် မေလ ၁၈ ရက် ၊ ဒေသ စံတော်ချိန် ည ၉ နာရီ အချိန်တွင် အမြင့်ပေ ၂၆,၀၀၀ ကျော်တွင် ရှိသော Camp 4 မှ စတင် ထွက်ခွာခဲ့ပြီး နံနက် ၇ နာရီ ၇ မိနစ် အချိန်တွင် တောင်ထိပ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နီပေါနိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်သို့ တက်ရောက်နေသော မြန်မာတောင်တက်အဖွဲ့သား တစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Flag on Everest)

နီပေါနိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်သို့ တက်ရောက်သည့် လမ်းကြောင်းပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Flag on Everest)

မြန်မာနိုင်ငံမှ အဖွဲ့ဝင် သုံးဦး ပါဝင်သော မြန်မာ တောင်တက် အဖွဲ့သည် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်သို့ တက်ရောက်ရန် မတ်လကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာ သွားရောက်ခဲ့ပြီး ယခု မေလ ၁၉ ရက်တွင် ဧဝရတ် တောင်ထိပ်သို့ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.