Connect with us

Sport

မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး နွေရာသီ ဖိတ်ခေါ် ဘတ်စကတ်ဘော ပြိုင်ပွဲ ကျင်းပ

ဘတ်စကတ်ဘော ပြိုင်ပွဲ တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အားကစားနှင့် ကာယပညာ ဦးစီးဌာန)

ရန်ကုန် ၊ မေ ၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်အဆင့်ထိ တတ်လှမ်းနိုင်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီ ဖိတ်ခေါ် ဘတ်စကတ်ဘော ပြိုင်ပွဲအား အုပ်စုပတ်လည် စနစ်ဖြင့် မေလ ၂၀ ရက်အထိ ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ပွဲရုံ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

ပြိုင်ပွဲတွင် အသက် ၁၉ နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘတ်စကတ်ဘော ပြိုင်ပွဲ အလွတ်တန်း (အမျိုးသား) ၂၂ သင်း ၊ အလွတ်တန်း (အမျိုးသမီး) ၈ သင်းနှင့် အသက် ၁၉ နှစ်အောက် (အမျိုးသား) ၂၅ သင်း ၊ အသက် ၁၉ နှစ်အောက် (အမျိုးသမီး) ၇ သင်း စုစုပေါင်း ပြိုင်ပွဲဝင် အသင်း ၆၂ သင်း ၊ အားကစားသမား ဦးရေ ၇၄၄ ဦးဖြင့် ပြိုင်ပွဲအား ပထမအုပ်စု ပတ်လည် ၊ ဒုတိယ အုပ်စု ပတ်လည် စနစ်ဖြင့် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
နွေရာသီ ဖိတ်ခေါ် ဘတ်စကတ်ဘော ပြိုင်ပွဲကို အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကတ်ဘော အဖွဲ့ချုပ်တို့ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.