Sport
ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ တွင် မြန်မာအသင်း အုပ်စု(က) တွင်ပါဝင်
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ၂၀၁၉ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုများ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာ အသင်းသည် အုပ်စု (က) တွင် ပါဝင်ခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်နှင့် မလေးရှားတို့ ပါဝင်သည့် အုပ်စု (က) သို့ ကျရောက်ခဲ့ကြောင်း သိရသည်။ အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု (က) တွင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့ နှင့် ကျရောက်နေပြီး အုပ်စု (ခ) တွင်မူ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်းနှင့် စင်ကာပူအသင်းတို့ ပါဝင်ကြောင်း သိရသည်။
မြန်မာ ယူ – ၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား ၃၉ ဦး ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ယခုနှစ်လယ်ပိုင်းကတည်းက ပြင်ဆင်နေ ခြင်းဖြစ်သည်။ မြန်မာ ယူ – ၂၂ အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယခု လတွင် ကာတာနိုင်ငံ၌ ခြေစမ်းပွဲများ သွားရောက်ကစားမည်ဖြစ်ပြီး နိုဝင်ဘာလ တွင်လည်း ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် ၂၂ နှစ်အောက် ပြိုင်ပွဲအဖြစ် ဆက်လက် ကျင်းပမည်ဖြစ်သော်လည်း အသက်ကျော်ကစားသမားနှစ်ဦး ထည့်သွင်းအသုံးပြု ခွင့်ပေးထားကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။ (Xinhua)