Connect with us

Sport

ကာတာနိုင်ငံ ဘောလုံးခြေစမ်းခရီးစဉ်တွင် မြန်မာ ယူ-၂၂ အသင်း ခြေစမ်းပွဲသုံးပွဲ ကစားမည်

မြန်မာ့လက်ရွေးစင်အသင်းလေ့ကျင့်ပြင်ဆင်မှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) 

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် ကာတာနိုင်ငံ ဒိုဟာမြို့၌ တစ်ပတ်ကျော် သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် နီပေါ၊ ကာဂျစ္စတန် လူငယ်လက်ရွေးစင်ဘောလုံးအသင်း၊ ကာတာကလပ်ဘောလုံးအသင်းတို့နှင့်ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရသိရသည်။ 

မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲများအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် နီပေါ ယူ-၂၂ အသင်း၊ အောက်တိုဘာ ၂၈ ရက်တွင် ကာတာကလပ် အယ်လ်အိုဝေနာအသင်း၊ အောက်တိုဘာ ၃၁ ရက်တွင် ကာဂျစ္စတန် ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်လေ့ကျင့်ခဲ့ပြီး ကာတာခရီးစဉ် အပြီးတွင်လည်း နိုဝင်ဘာလ၌ နိုင်ငံတကာခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်ကြောင်း သိရသည်။ 

 မြန်မာ ယူ-၂၂ အသင်းသည် ကာတာနိုင်ငံတွင် ခြေစမ်းပွဲများကစားရန် အောက်တိုဘာ ၂၁ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး၊ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ယခုနှစ်လယ်ပိုင်းကတည်းက လေ့ကျင့်ပြင်ဆင်လျက်ရှိကာ လက်ရှိတွင် အသက်ကျော် ကစားသမားများအပါအဝင် ကစားသမား ၃၄ ဦးဖြင့် လေ့ကျင့်လျက်ရှိကြောင်း၊ အသက် ၂၂ နှစ်အထက် ကစားသမား ငါးဦးမှာမူ အသင်းနှင့် ပူးပေါင်းနိုင်ခြင်းမရှိသေးကြောင်း  ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.