Connect with us

Sport

ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲသို့ လူဦးရေ ၁,၃၀၀ ဦးကျော် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား

ကရင် ပြည်နယ်ရှိ ဇွဲကပင်တောင်အား တွေ့ရစဉ်(ဓာတ်ပုံ-NPE)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဇွဲကပင်အရှေ့ခြမ်း တောင်ခြေသစ်ချရွာမှ စတင်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် လူဦးရေ ၁,၃၄၈ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ရန် စာရင်းပေးသွင်းထားကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ဇွဲကပင် တောင်တက်ပြိုင်ပွဲကို အသက်(၄၀) နှစ်အထက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အသက်(၄၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား ၄ မျိုးခွဲ၍ ကျင်းပ သွားမည်ဖြစ်ပြီး ဇွဲကပင်အရှေ့ခြမ်း၊ တောင်ခြေနှင့် ၄ ဖာလုံ အကွာ ခလောက်နို့၊ သစ်ချရွာတွင် စတင်တာလွှတ်မည်ဖြစ်ပြီး ဇွဲကပင်အနောက်ခြမ်း ဒုံရင်း၊ တော်ပုံကျေးရွာ လုံမ္ပနီဥယာဉ် ဈေးဆိုင်ခန်းရှေ့တွင် ပန်းဝင်မည်ဖြစ်ကာ ပြိုင်ပွဲအမျိုးအစား အတန်းအလိုက် ပထမဆုမှ ဒသမဆုထိဆုများကို ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ၊ ဇွဲကပင်တောင်သည် အမြင့်ပေ ၂,၃၇၂ ရှိပြီး မြင့်မား၍ မက်စောက်သော သဘာဝ ထုံးကျောက် တောင် ဖြစ်ရာ ပြိုင်ပွဲဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ရေး အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာ ၃၀ ရက်တွင် ဇွဲကပင် တောင်တက်ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.