Connect with us

Sport

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း နည်းပြချုပ်သစ် တစ်ဦးအမြန်ဆုံး ခန့်အပ်တာဝန်ပေးမည်ဟုဆို

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ဦးဝင်းသူမိုးအား မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဆက်လက်သက်တမ်းတိုး ချုပ်ဆိုတော့မည် မဟုတ်ဘဲ နည်းပြချုပ်သစ် တစ်ဦးအား ခန့်အပ်တာဝန်ပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၉ ဒီဇင်ဘာ ၃၁ ရက် က ကျင်းပခဲ့သည့် နည်းစနစ်ကော်မတီ အစည်းအဝေးတွင် ဦးဝင်းသူမိုး၏ စာချုပ်သက်တမ်းအတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အမျိူသမီးလက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် ဆက်လက် သက်တမ်းတိုး ချုပ်ဆိုခြင်း မပြုတော့ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

MFF အနေဖြင့် လစ်လပ်လျက်ရှိသည့် နည်းပြချုပ် ရာထူးအတွက် နည်းပြသစ် တစ်ဦးကို အမျိုးသမီးလက်ရွေးစင် အသင်း၏ နိုင်ငံတကာ ပွဲများ မစတင်မီ အချိန်မီ ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် လာမည့် ၂၀၂၀ ဖေဖော်ဝါရီ ပထမအပတ်အတွင်း တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ခြေစစ်ပွဲ နောက်ဆုံး အဆင့်ပွဲစဉ်များ အား ခြေစစ်ပွဲ အိမ်ရှင် ဖြစ်သည့် တောင်ကိုရီးယား၊ ဗီယက်နမ် အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

နည်းပြချုပ်ဟောင်း ဦးဝင်းသူမိုး အနေဖြင့် မြန်မာအမျိုးသမီး အသင်းအား အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် တိုကျိုအိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့်တွင် အောင်မြင်စေခဲ့ပြီး ၂၀၁၉ ဆီးဂိမ်း တတိယဆု၊ AFF Women’s Championship တတိယဆုနှင့် India Hero Gold Cup ဖိတ်ခေါ်ပွဲ ချန်ပီယံဆု ရယူပေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.