Connect with us

Sport

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံး အုပ်စုများထွက်ပေါ်

အမျိုးသားဘောလုံး အုပ်စုစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပမည့် ၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ

အမျိုးသားဘောလုံး အုပ်စုများထွက်ပေါ်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ မလေးရှား က အိမ်ရှင်အဖြစ်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အုပ်စုမဲခဲပွဲကို ယနေ့မနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်အသင်းသည် အိမ်ရှင်မလေးရှား ၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း အသင်းများနှင့်အုပ်စု (က) တွင်ကျရောက်ခဲ့သည်။

အုပ်စု(ခ)တွင် ထိုင်း၊ ဗီယက်နမ်၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.