Connect with us

Sport

အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်မည့် ONE CHAMPIONSHIP ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ လက်ခံ ကျင်းပမည်

အောင်လအန်ဆန် ဇွန် ၃ဝ ရက်က ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာ လီဘစ်ဒက်ရှ် နှင့် ယှဉ်ပြိုင်ထိုးသတ်စဉ် (ဆင်ဟွာ)

ရန်ကုန် ဇူလိုင် ၅ရက် (ဆင်ဟွာ)

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရရှိထားသော မြန်မာစပါးကြီးမြွေဟု တင်စားခြင်းခံရသည့် အောင်လအန်ဆန်၏ ပထမဆုံး ချန်ပီယံ ကာကွယ်မည့် One Championship (MMA) ပြိုင်ပွဲ၏ ပွဲစဉ်ကို နိုဝင်ဘာ ၂ ရက်တွင် မြန်မာ နိုင်ငံ၌ လက်ခံကျင်းပမည် ဖြစ်ကြောင်း မြန်မာလက်ခမောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇေသီဟ မှ ဆင်ဟွာသို့ပြောသည်။

ဦးဇေသီဟ က “အကြမ်းအားဖြင့် နိုဝင်ဘာ၂ ရက် လို့ပွဲကို သတ်မှတ်ထားပါတယ်။ဒီကြားထဲမှာ ကျွန်တော်တို့ အစည်းအဝေးတစ်ခုရှိပါတယ်။ အဲ့ဒီအစည်းအဝေးအရ တစ်လ လောက်နောက်ဆုတ်ရင် ဆုတ်သွားနိုင်တယ်။ အခုပွဲကို အကြီးကျယ်ဆုံး ပြင်ဆင်မှုတွေလုပ်မှာဖြစ်လို့ အချိန်မလုံလောက်မှာစိုးလို့ပါ’’ ဟုပြောသည်။

အောင်လအန်ဆန်သည် ဇွန် ၃ဝ ရက်က ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာ လီဘစ်ဒက်ရှ်ကို မြန်မာနိုင်ငံ၌ စိန်ခေါ် ယှဉ်ပြိုင်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံရွှေခါးပတ်ကို လွှဲပြောင်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့မစ်ဒယ် ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်သည် ချန်ပီယံရွှေခါးပတ်ကို ကာကွယ်ရတော့ မည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို မြန်မာ နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ်ရှိ အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၌ သုံးကြိမ်လာ ရောက်ယှဉ်ပြိုင်ထားပြီး ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ခဲ့ကာ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ကမ္ဘာ့ချန်ပီယံကို အနိုင်ယူပြီး ချန်ပီယံ ရွှေခါးပတ်ကို လွှဲပြောင်းရယူ နိုင်ခဲ့သူဖြစ်သည်။

အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်မည့် ပွဲစဉ်နှင့်ပတ်သက်၍ ဦးဇေသီဟက “အဓိက ပရိသတ်ရဲ့အားပေးမှုကြောင့် ကျွန်တော်တို့ အင်အားတစ်ရပ်ဖြစ်ပြီး နောက်ပွဲမှာ ဒီထက်ပိုကြီးကျယ်သော အပြင်အဆင် များနဲ့ အားဖြည့်ဖို့လုပ်နေပါတယ်’’ ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.