Connect with us

Sport

မြန်မာအသင်းနှင့် အင်တာမီလန် လူငယ်အသင်း ဘောလုံးခြေစမ်းပွဲကစားမည့်ရက်ထုတ်ပြန်

မြန်မာအသင်းယှဉ်ပြိုင်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင် မှုများ ပြုလုပ်နေသည့် မြန်မာလူငယ်အသင်းများနှင့် အီတလီ စီးရီးအေကလပ် အင်တာမီလန်လူငယ်အသင်းတို့ ၏ ခြေစမ်းပွဲများကို သြဂုတ်လဒုတိယပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

ယင်းခြေစမ်းပွဲ များတွင် မြန်မာလူငယ်အသင်းများဖြစ်သည့် ယူ-၂၂ အသင်းနှင့် ယူ-၁၈ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ခြေစမ်းပွဲများအဖြစ် သြဂုတ် ၁၁ ရက်တွင် မြန်မာ ယူ-၂၂ အသင်းနှင့် အင်တာ မီလန် ယူ-၁၈ အသင်း၊ သြဂုတ် ၁၃ ရက်တွင် မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်း တို့ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ပြီး ခြေစမ်း ပွဲနှစ်ပွဲစလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့်အသင်းဖြစ်ပြီး နောက်ဆုံးခြေစမ်းပွဲအဖြစ် အင်တာမီလန် လူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။

ယင်းခြေစမ်းပွဲများကို မူလက သြဂုတ် ၁၂၊ ၁၄ ရက်တွင် ကျင်းပရန် စီစဉ် ထားသော်လည်း ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲကျင်းပမည့် ရက် စောသွား သောကြောင့် ကစားမည့်ရက်များ ပြောင်းလဲခဲ့ခြင်းဖြစ် သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရန် အချိန်ယူပြင်ဆင် လျက်ရှိပြီး ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင် လျက်ရှိသည်။

မြန်မာ ယူ-၁၈ အသင်းသည် စက်တင်ဘာ ၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် ၂ဝ၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ၊ နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကျင်းပမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲတို့ အတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ပြင်သစ်နိုင်ငံသား ဘန်လာဘီက ကိုင် တွယ်လျက်ရှိပြီး ပဏာမကစားသမား ၂၅ ဦးဖြင့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊စီးရီးအေကလပ် အင်တာမီလန် အသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နှင့် မိတ်ဖက်ဆောင်ရွက်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားပြီး ခြေစမ်းပွဲ အတွက် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.