Connect with us

Sport

မြန်မာယူ-၁၉အမျိုးသမီး ဘောလုံးအသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးဘောလုံးအသင်းတို့ ၏ ခြေစမ်းပွဲ ဒုတိယပွဲကို အောက်တိုဘာ ၁၃ ရက်တွင်မန္တလေးမြို့တွင် ကစားမည်

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

၂၀၁၉ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာယူ-၁၉အမျိုးသမီး ဘောလုံးအသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးဘောလုံးအသင်းတို့ ၏ ခြေစမ်းပွဲ ဒုတိယပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခွဲ တွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

၂၀၁၉ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာယူ-၁၉အမျိုးသမီး အသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းတို့ သည် ပထမခြေစမ်းပွဲကို အောက်တိုဘာ ၁၁ ရက် နေ ၅ နာရီက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ခြေစမ်း ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

၎င်းပထမခြေစမ်းပွဲတွင် ဗီယက်နမ်ယူ-၁၉ အမျိုးသမီးအသင်း – တစ်ဂိုး၊မြန်မာယူ-၁၉ အမျိုးသမီးအသင်း – ဂိုးမရှိ ဖြင့် မြန်မာအသင်းက ရှုံးနိမ့်ခဲ့သည်။ 

မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် မြတ်နိုးခင်၊ စန်းသော်သော်၊ ဇူးလတ်နဒီ (ဂိုး)၊ ဖြူဖြူဝင်း၊ မေဖူးကို၊ နွယ်နီဝင်း၊ ပုံ့ပုံ့ပြည့်မောင်စသည့် အမာခံကစားသမား အများစုဖြင့် ပွဲထွက်ခဲ့ပြီး ဗီယက်နမ်အသင်းကို ရင်ဆိုင်ခဲ့ သည်။ ဗီယက်နမ်အသင်းမှာလည်း ပွဲစကတည်းက မြန်မာ အသင်းကို အပြန်အလှန်ကစားခဲ့ပြီး ဂိုးသွင်းခွင့်များ အပြန်အလှန်ရရှိခဲ့သည်။ ဗီယက်နမ်အသင်းအတွက် အနိုင်ဂိုးကို မိနစ် ၂၀ တွင် ငိုသီဗန်ဆုက သွင်းယူခဲ့သည်။ မြန်မာအသင်းအနေဖြင့် ရရှိသည့်အခွင့်အရေးအချို့ကို အသုံးမချနိုင်သလို ဒုတိယပိုင်းတွင် ချေပဂိုးရရန် တိုက်စစ် အားမြှင့်သော်လည်း ပွဲရလဒ်ကိုပြောင်းလဲနိုင်ခြင်း မရှိခဲ့ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.