Connect with us

Sport

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့်ခြေစစ်ပွဲပွဲစဉ်(၃)ကို အောက်တိုဘာ ၁၀ ရက် တွင် ကျင်းပမည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းယှဉ်ပြိုင်ကစားစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု ပွဲစဉ်(၃)ကို အောက်တိုဘာ ၁၀ ရက် တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့ လက်ရွေးစင်အသင်းသည် ကာဂျစ္စ တန်အသင်းနှင့် အဝေးကွင်းပွဲ ကစား ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နှစ်ပွဲ ကစား နှစ်ပွဲရှုံးနိမ့်ထားသည့် မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် ကာဂျစ္စတန်နှင့် အဝေးကွင်းပွဲတွင် ပထမဆုံးရမှတ် ရယူနိုင်ရန် ကြိုးပမ်း ရမည် ဖြစ်ကြောင်း  မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စု(စ)တွင် ကျရောက် နေပြီး မွန်ဂိုလီးယား၊ ဂျပန်အသင်း တို့နှင့် ကစားထားသည့် ပွဲများတွင် အရေးနိမ့်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပွဲယှဉ်ပြိုင်ရန် အောက်တိုဘာ ၆ ရက် ညနေပိုင်းက ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာသွားပြီး အောက်တိုဘာ ၈ ရက် မှစ၍ လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့၏ ပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် ည ၉ နာရီတွင် ကျင်းပ မည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.