Connect with us

Sport

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ ပြည်ပခြေစမ်းပွဲကစားမည်

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားဒုတိယ အဆင့်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့ လက်ရွေးစင်အသင်းဘောလုံးသည် နိုဝင်ဘာလတွင် ကစားရ မည့် ခြေစစ်ပွဲမတိုင်မီ ပြည်ပခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲများအတွက် ကြိုတင်ပြင်ဆင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲကစားရန် စီစဉ်ထား ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလတွင်ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနှစ်ပွဲကို အိမ်ကွင်းကစား

ရမည်ဖြစ်သောကြောင့် ယင်းပွဲများကိုလက်ခံကျင်းပ မည့် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ နိုင်ငံတကာ ခြေစမ်းပွဲကစားရန် စီစဉ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် အသင်းများ ဖိတ်ကြားလျက်ရှိပြီး အာရှအသင်းတစ်သင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလတွင် ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ယခုလ အတွင်း စတင်လေ့ကျင့်မည်ဖြစ်‌ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)