Connect with us

Sport

မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးဘောအသင်းနှင့်ထိုင်းလက်ရွေးစင် ယူ-၁၉အမျိုးသမီးအသင်းနှင့်ဘောလုံးခြေစမ်းပွဲကစားမည်

မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးဘောအသင်းနှင့် ထိုင်းလက်ရွေးစင် ယူ-၁၉အမျိုးသမီးအသင်းတို့၏ဘောလုံးခြေစမ်းပွဲကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

၂၀၁၉ အာရှယူ – ၁၉ အမျိုးသမီးဘောလုံးခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးဘောအသင်းသည် ထိုင်းလက်ရွေးစင် ယူ-၁၉အမျိုးသမီးအသင်းနှင့် အောက်တိုဘာလ ၅ရက် နှင့် ၇ရက်နေ့များတွင် ခြေစမ်းပွဲ (၂)ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၅ရက် ညနေ ၃နာရီ ၃၀မိနစ်၊ နှင့် အောက်တိုဘာလ ၇ရက် ညနေ ၆နာရီ တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏအားကစားကွင်း၌ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်များကို လက်မှတ်ရောင်းချမည်မဟုတ်ဘဲ အခမဲ့ဝင်ရောက် ကြည့်ရှု့နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ – ၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆောင်ရွက်နေပြီး အုပ်ချုပ်မှုနည်းပြ အဖွဲ့ဝင် ၉ ဦး၊ ကစားသမား ၃၁ ဦးတို့နှင့်စခန်းသွင်းလေ့ကျင့်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.