Connect with us

Sport

အင်ဒိုနီးရှားဘောလုံးအသင်း နှင့် ခြေစမ်းရန် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းထွက်ခွာ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အင်ဒိုနီးရှား လက်ရွေးစင် ဘောလုံးအသင်းနှင့် ခြေစမ်းပွဲ ကစားရန်အတွက် ယနေ့ (အောက်တိုဘာ ၈) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အင်ဒိုနီးရှားနှင့်ဘောလုံးခြေစမ်းပွဲအတွက် ကစားသမား ၂၀ ဦးကို ခေါ်ဆောင်သွားပြီး ကျန်ခဲ့သည့် ကစားသမားများမှာ ဘိုလီးဗီးယားနိုင်ငံဘောလုံးအသင်း နှင့် ခြေစမ်းပွဲတွင် ပြန်လည် ပူးပေါင်းကြမည် ဖြစ်သည်။

အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့သည် အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် ညနေ ၆း၀၀ နာရီ အချိန်တွင် Cikarang ရှိ Wibawa Mukti ကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

မြန်မာလက်ရွေးစင် အသင်းသည် အင်ဒိုနီးရှားနှင့်ပွဲပြီးနောက် အောက်တိုဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလာပြီး အောက်တိုဘာ ၁၃ တွင် ဘိုလီးဗီးယားနိုင်ငံဘောလုံးအသင်းနှင့် ခြေစမ်းမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.