Connect with us

Sport

၃ ကြိမ်မြောက် အာရှ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပါဝင် ယှဉ်ပြိုင်မည်

အာရှ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တွေ့ ဆုံစဉ်(ဓာတ်ပုံ-အား/ကာ (ရန်ကုန်)

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

၃ ကြိမ်မြောက် အာရှ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသွား မည် ဖြစ်ရာ မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ မျက်မမြင် စစ်တုရင် အားကစား နည်း (၄)နည်းမှ မသန်စွမ်း အားကစား အဖွဲ့ဝင်(၅ဝ)ဦး သွားရောက် ယှဉ်ပြိုင်ရန် စေလွှတ်သွားမည် ဖြစ်ကြောင်း အားကစားနှင့် ကာယ ပညာ ဦးစီး ဌာနထံမှ သိရသည်။

ထိုကစားသမားများကို ၂ဝ၁၈ခုနှစ်၊ မေလမှစ၍ စခန်းသွင်းလေ့ကျင့်ထားကြောင်း ၊ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄၂ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ယခင်နှစ်များထက် ဆုတံဆိပ်များ ပိုမိုရရှိမည်ဟု မျှော်လင့် ထားကြောင်း သိရသည်။

၂ဝ၁၄ခုနှစ် ကိုရီးယားနိုင်ငံ ၊အင်ချွန်းမြို့မှာ ကျင်းပ ပြုလုပ်ခဲ့သည့် (၂)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစား ပြိုင်ပွဲမှာ (၄၁)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံမှ ရွှေ(၁)၊ ငွေ(၁)၊ ကြေး(၅)ခု ရရှိခဲ့ပြီး ၊ နိုင်ငံအလိုက် အဆင့် (၂၂)ရရှိခဲ့ကြောင်း သိရသည်။

၃ ကြိမ်မြောက် အာရှ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲကို အောက်တိုဘာ(၆)ရက်နေ့ မှ (၁၃)ရက် အထိ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.