Sport
မြန်မာ အသင်းနှင့် တီ မော အ သင်း တို့ယနေ့ည ၆နာရီခွဲတွင် ယှဉ်ပြိုင် ကစားမည်

ရန်ကုန်၊အောက်တိုဘာ ၂ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲအုပ်စု (G) ပွဲစဉ်များကို ယနေ့ အောက်တိုဘာ ၂ရက်နေ့ တွင် သုဝဏ္ဏကွင်း၌ ဆက်လက် ကျင်းပ သွားမည်ဖြစပြီး၊ ည ၆နာရီခွဲတွင် အိမ်ရှင်မြန်မာ အသင်းနှင့် တီမောအသင်းတို့ ယှဉ်ပြိုင် ကစား ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူဦးစိုးမိုးက “ဒီနေ့ ညနေ ၃နာရ မှာတော့ ဗီယက်နမ် အသင်းနဲ့ ဘရူနိုင်း အသင်း ယှဉ်ပြိုင်မှာပါ။ မြန်မာ ယူ-၁၉အသင်းက အဖွင့်ပွဲမှာ ဘရူနိုင်း အသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် ခြေစစ်ပွဲ အောင်မြင်ရေးအတွက် လက်ကျန်သုံးပွဲ စလုံးကတော့ အရေးပါနေတုန်းပဲ’’ ဟုပြောသည်။
ယနေ့ ပွဲစဉ်များသည် အသင်းတိုင်းအတွက် အရေးပါလျက်ရှိပြီး နှစ်ပွဲဆက်ရှုံးထားသည့် ဘရူနိုင်း အသင်းမှာလည်း ယခုပွဲထပ်ရှုံးခဲ့ပါက ခြေစစ်ပွဲမှ ထွက်ရမည် ဖြစ်ကြောင်းဆိုသည်။
ဦးစိုးမိုးက “မြန်မာယူ-၁၉ အသင်းက ဘရူနိုင်း အသင်းနဲ့ ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားနည်းနေတုန်းပဲ ရှိသေးတယ်။’’ ဟုပြောသည်။ (Xinhua)